ဒုတိယ သမ္မတလောင်း အဖြစ် ဦးဝင်းမြင့် နှင့် ဦးသောင်းအေး တို့အား အဆိုပြု


ဒုတိယ သမ္မတလောင်းများ အဖြစ် တာမွေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တို့ အား အဆိုပြု တင်ပြထားကြောင်း ယနေ့  ပြုလုပ်သော သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ပထမပိုင်း၌ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယပိုင်း အစီအစဉ်

« ၂၃-၃- ၂၀၁၈ » (သောကြာနေ့) နေ့လယ် ၁၃၀၀ နာရီ
-------------------------------------------------------------------
၁။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊

၂။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယပိုင်း အစီအစဉ် ကြေညာခြင်း၊

၃။ ဒုတိယသမ္မတလောင်းများ အမည်စာရင်း ကြေညာခြင်း၊

၎။ ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းရာ၌ ( ၂ ) ဦးရှိသဖြင့် ဆန္ဒမဲ လက်မှတ်ဖြင့် လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ခြင်း၊

၅။ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ပုဂ္ဂိုလ်၏အမည်ကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ကြေညာခြင်း၊

၆။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်ကို ပြည်ထောင်စု လွှတ်တော်နာယကထံ တင်ပြမည် ဖြစ်ကြောင်း ကြေညာခြင်း၊

၇။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ရပ်နားကြောင်း ကြေညာခြင်း။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ဒုတိယ သမ္မတလောင်း အဖြစ် ဦးဝင်းမြင့် နှင့် ဦးသောင်းအေး တို့အား အဆိုပြု  ဒုတိယ သမ္မတလောင်း အဖြစ် ဦးဝင်းမြင့် နှင့် ဦးသောင်းအေး တို့အား အဆိုပြု Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.