မင်္ဂလာဆောင် အိမ်တွင် လူသတ်မှု ဖြစ် သတိုးသားရဲ့ ဖခင်ဖြစ်သူ သေဆုံး


ကသာ - မတ်လ (၈) ရက်

ကသာမြို့နယ် ပင်းမလွတ်ကျေးရွာ ကချင်စုရပ်က မင်္ဂလာဆောင်အိမ်မှာ မတ်လ ၇ ရက်နေ့ ညနေပိုင်းအချိန်က လူသတ်မှုဖြစ်ပွား ခဲ့ပါတယ် ။

တရွာတည်းနေထိုင်သူ အချင်းချင်း အရက်သေစာ သောက်စားကြရင်း စကားများရာမှ အရိုးသွား ၉ လက်မခန့်ရှိ ဓါးဖြင့်ထိုးလိုက်ရာ ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ကျေးလက်ကျန်းမာရေးဆေးခန်းသို့ ပို့ဆောင်စဉ်လမ်းမှာ သေဆုံးသွားခဲ့ပါတယ် ။


သေဆုံးသွားသူ က သတိုးသားရဲ့ ဖခင်ဖြစ်သူ ဦးမရဇ်ဂေါင် အသက် ၆၃ နှစ်လို့ သိရပြီး ပြစ်မှု ကြူးလွန်သူ ဦးမာဘောက် အသက် ၅၄ နှစ် လို့ သိရပါတယ် ။

သေမှု သေခင်းနဲ့ ပါတ်သက်ပြီး ကသာမြို့မ ရဲစခန်း က အမှု ဖွင့် အရေးယူထားတယ် လို့ သိရပါတယ် ။

မြင့်လွင်
မင်္ဂလာဆောင် အိမ်တွင် လူသတ်မှု ဖြစ် သတိုးသားရဲ့ ဖခင်ဖြစ်သူ သေဆုံး မင်္ဂလာဆောင် အိမ်တွင် လူသတ်မှု ဖြစ် သတိုးသားရဲ့ ဖခင်ဖြစ်သူ သေဆုံး Reviewed by THITHTOOLWIN on 12:14 Rating: 5
Powered by Blogger.