မြန်မာတွေသေဆုံးတဲ့ ကားမီးလောင်မှု စုံစမ်းစစ်ဆေး

မြန်မာတွေသေဆုံးတဲ့ ကားမီးလောင်မှု (AAC)
မတ်လ ၃၀ ရက်နေ့ မနက် ၂ နာရီလောက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကမဲဆောက် ကိုလာတဲ့ ခရီးသည်တင် ဘတ်စ်ကားမီးလောင်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေပြုလုပ်ခဲ့ ပါတယ်၊၊

ဘတ်စ်ကားမီးလောင်တုန်းက လမ်းအခြေအနေလည်းကောင်းပြီး ကားတိုက်မှုလည်း မရှိခဲ့ ဘူးလို့ တက်ခ်ခရိုင် အုပ်ချုပ်ရေးမှုး Charoenrit ကပြောပါတယ်၊၊

ကားရဲ့ အနေအထား ၊ စက်ချို့ယွင်းတာ ဒါမှမဟုတ် ကားကိုမဆင်မခြင်မောင်းလို့ ဖြစ်နိုင်တယ်လို့ ပြည်နယ်သယ်ယူပို့ဆောင်ရေးရုံးက မှတ်ချက်ပေးပါတယ်၊၊ ကားပေါ်မှာတင်ဆောင်နိုင်တဲ့ လူဦးရေထက် ပိုတင်လာတယ်လို့လည်း သိရပါတယ်၊၊

ကားမီးလောင်တာကနေ လွတ်မြောက်လာသူတွေကို မေးကြည့်တော့ မီးက ကားအလယ်ကစလောင်တာဖြစ်လို့ ကားနောက်ပိုင်းကလူတွေ ထွက်ပြေးချိန်မရပဲ ပိတ်မိသေဆုံးတာလို့ ပြောတယ်လို့ဆိုပါတယ်၊၊

အခင်းဖြစ်တဲ့နေရာကို မဲဆောက်မြို့ မြန်မာအလုပ်သမားသံအရာရှိကို စေလွှတ်ထားပြီး ထိုင်းနိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များနဲ့ ဆက်သွယ်ညှိနှိုင်း ကာလိုအပ်တာတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်၊၊

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မြန်မာတွေသေဆုံးတဲ့ ကားမီးလောင်မှု စုံစမ်းစစ်ဆေး မြန်မာတွေသေဆုံးတဲ့ ကားမီးလောင်မှု စုံစမ်းစစ်ဆေး Reviewed by THITHTOOLWIN on 07:52 Rating: 5
Powered by Blogger.