တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌက ဝန်ကြီးဖြေကြားမှုကို သတိပေး


တနင်္သာရီတိုင်းလွှတ်တော်မှာ တိုင်းဝန်ကြီးတွေ လာရောက်ဖြေကြားတဲ့အချိန်မှာ လက်တွေ့အခြေအနေနဲ့ ကွာခြားနေတာကြောင့် အောက်ခြေအထိစစ်ဆေးပြီးမှသာ ဖြေကြားပေးဖို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌက သတိပေးပြောကြားလိုက်ပါတယ်။

ဝန်ကြီးတွေရဲ့တချို့ဖြေဆိုချက်တွေဟာ လက်တွေအခြေအနေနဲ့ ကွာခြားလွန်းနေတယ်လို့ လွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးက ဒီနေ့ ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။

ကျွန်းစုလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ကျေးရွာ ၃၂ရွာမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မီးလင်းရေးအတွက် ဆိုလာပြားတွေ တပ်ဆင်ပေးခဲ့ပေမယ့် ဒေသခံတွေအခက်အခဲဖြစ်နေတာ၊ ဒေါက်တိုင်၊ ကြိုးတွေ အပြည့်အဝမရတာကို လွှတ်တော်မှာမေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းကို တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နဲ့ ဆောက်လုပ်ရေးဝန်ကြီးကြီး ဦးကြည်လှိုင်က အားလုံးပေး ပြီးပြီလို့သာ ပြန်လည်ဖြေကြားခဲ့ရာမှာ ကိုယ်စားလှယ်တင်ပြတာနဲ့ ကွဲလွဲနေတာကြောင့် အောက်ခြေမှာ စစ်ဆေးပြီးမှဖြေဖို့ လွှတ်တော်ဥက္ကဌက သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

မနေ့ကကျင်းပတဲ့ လွှတ်တော်မှာလည်း လျှပ်စစ်မီးဝန်ဆောင်မှုပေးတာနဲ့ ပတ်သက်ပြီး လောင်းလုံမြိုနယ် ကိုယ်စားလှယ်ဦးဘိုထွေး မေးမြန်းချက်ကို လျှပ်စစ်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ပြန်လည်ဖြေကြားရာမှာ ကိုယ်စားလှယ်မေးမြန်းတာတွေ မပါတာကြောင့် တိတိကျကျဖြေဖို့ လွှတ်တော်ဥက္ကဌက သတိပေးပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌက ဝန်ကြီးဖြေကြားမှုကို သတိပေး တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌက ဝန်ကြီးဖြေကြားမှုကို သတိပေး Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.