သန်လျင်၌ ဆိုင်ကယ်နောက်မှ အမည်မသိ အမျိုးသားတစ်ဦးပြုတ်ကျ ရရှိသောဒဏ်ရာများဖြင့် သေဆုံး


ရန်ကုန် မတ် ၁၇

ရန်ကုန်တောင်ပိုင်းခရိုင် သန် လျင်မြို့နယ် သန်လျင်-ကျောက် တန်းလမ်း၌ ယခုလ ၁၄ ရက် ည ၇ နာရီက ဆိုင်ကယ်မောင်းသူ (စုံစမ်းဆဲ) ဆိုင်ကယ်အမှတ် အမျိုး အစား အရောင်(စိစစ်ဆဲ) ဆိုင် ကယ်နောက်မှ လိုက်ပါစီးနင်းသူ အမည်မသိအမျိုးသားတစ်ဦး ပြုတ် ကျခဲ့ပြီး ဒဏ်ရာများရရှိသဖြင့် သန်လျင်ဆေးရုံမှ ရန်ကုန်ဆေးရုံ ကြီးသို့တင်ပို့ဆေးကုသလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် ရရှိသောဒဏ်ရာများဖြင့် ရန်ကုန် ဆေးရုံကြီး၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့နယ် သန်လျင်-ကျောက်တန်းလမ်း အတိုင်းတောင်မှမြောက် (ကျောက် တန်းမြို့နယ်မှ သန်လျင်တံတား ဘက်)သို့ ဆိုင်ကယ်မောင်းသူ (စုံစမ်းဆဲ) ဆိုင်ကယ်အမှတ်အမျိုး အစားအရောင်(စိစစ်ဆဲ) ဆိုင်ကယ် ၏နောက်တွင် လိုက်ပါစီးနင်းသူ အမည်မသိ အသက်(၄ဝနှစ်)ခန့် အင်္ကျီပန်းရောင်အကွက်စိပ် လက် ရှည်၊ ပုဆိုးအပြာပေါ် အနီကွက် ဝတ်ဆင်ထားသည့် အမည်မသိ အမျိုးသား၊ နေရပ်လိပ်စာ (စုံစမ်း ဆဲ)နေသူမှာ သန်လျင်မြို့နယ် ဘုရားကုန်းလမ်းဆုံတွင် ပြုတ်ကျ ခဲ့ပြီး ဆိုင်ကယ်မောင်းသူ စုံစမ်း ဆဲမှာ ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။

ထိုသို့ပြုတ်ကျခဲ့သဖြင့် အမည် မသိ အမျိုးသားတွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ (သတိ မရဖြင့်)သန်လျင်အထွေထွေဆေးရုံ မှ ရန်ကုန်ဆေးရုံကြီးအတွင်းလူနာ (စိုးရိမ်ရ)ဖြင့် လွှဲပြောင်းဆေး ကုသလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သန်လျင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါအမှုအားသန်လျင်မြို့မ ရဲစခန်းမှ ယာဉ်(ပ)၅၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/ ၃၃၈/ ၂ဝ၂တို့ဖြင့် အမှုဖွင့်ကာ မောင်းနှင်ထွက်ပြေးသွားသော ဆိုင်ကယ်မောင်းသူ(စုံစမ်းဆဲ)အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး သေဆုံးသူ အမည်မသိအမျိုးသား မိသားစုဝင်များနှင့် သိရှိသူများ ရှိ ပါက ဖုန်း ဝ၉-၄၄၁၃၂၇၂၂ဝနှင့် ဝ၉-၉၇၄၃၉၆၂၄၄တို့သို့ ဆက် သွယ်ပေးပါရန် သန်လျင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မေတ္တာရပ်ခံ ထားကြောင်း သိရသည်။

သက်ခိုင်(သန်လျင်)
The Union Daily
https://www.facebook.com/uniondaily.net
သန်လျင်၌ ဆိုင်ကယ်နောက်မှ အမည်မသိ အမျိုးသားတစ်ဦးပြုတ်ကျ ရရှိသောဒဏ်ရာများဖြင့် သေဆုံး သန်လျင်၌ ဆိုင်ကယ်နောက်မှ အမည်မသိ အမျိုးသားတစ်ဦးပြုတ်ကျ ရရှိသောဒဏ်ရာများဖြင့် သေဆုံး Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.