ကုန်တင်ယာဉ်ဘရိတ်ပေါက်ကာ ဆိုင်ကယ်(၇)စီး၊ မြင်းလှည်း တို့ကို အရှိန်လွန်တိုက်မိပြီး မြင်းတစ်ကောင် သေဆုံး၍ အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦး ဒါဏ်ရာများရှိ


ရေတာရှည် မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့မြောက်ဘက်ဈေးရှေ့တွင် မတ်(၁)ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်သွားခဲ့ရာမှ ကားလမ်းဘေးဝဲ/ယာ ရှိ ဆိုင်ကယ်များ၊ မြင်းလှည်း နှင့် ဈေးသွားဈေးလာသူ များအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

 ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ရေနီနယ်မြေ ရဲစခန်းမှူး ရဲအုပ် ကျော်နိုင်ထွန်း ဦးစီးအဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးဟောင်းအတိုင်း မြောက်မှတောင်သို့ အောင်နိုင်ဝင်း (၃၉)နှစ်၊ အမှတ်(၁၁)ရပ်ကွက်၊ တောင်ငူမြို့နေသူမောင်းနှင်လာသော 5B/--နီဆန်း(၁၂)ကုန်တင်ယာဉ်သည် အခင်းဖြစ်ပွားသည့် ရေနီမြို့မြောက်ပိုင်းရပ်ကွက် ဈေးရှေ့အရောက် ဘရိတ်ပေါက်ကာ ကားလမ်းအရှေ့ ဘက်ရှိ ဆိုင်ကယ်မျိုးစုံ(၄)စီး၊ မြင်းလှည်းတစ်စီး၊ ကားလမ်းယာဘက်ခြမ်းရှိ ဆိုင်ကယ်မျိုးစုံ(၃)စီး၊ ဈေး ဝယ်လာသော ယာဉ်မောင်းအပါအဝင်အမျိုးသား(၄)ဦး၊ အမျိုးသမီး(၃)ဦးတို့အားဝင်ရောက် တိုက်မိခဲ့ ပြီးဒါဏ်ရာများရရှိသွားခဲ့သည်။

 ယာဉ်တိုက်မှုကြောင့် မြင်းလှည်း၌ တပ်ဆင်ထားသော မြင်းတစ်ကောင် သေဆုံးသွားခဲ့ကြောင်းသိရှိရ၍ ရေနီနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကုန်တင်ယာဉ်ဘရိတ်ပေါက်ကာ ဆိုင်ကယ်(၇)စီး၊ မြင်းလှည်း တို့ကို အရှိန်လွန်တိုက်မိပြီး မြင်းတစ်ကောင် သေဆုံး၍ အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦး ဒါဏ်ရာများရှိ ကုန်တင်ယာဉ်ဘရိတ်ပေါက်ကာ ဆိုင်ကယ်(၇)စီး၊ မြင်းလှည်း တို့ကို အရှိန်လွန်တိုက်မိပြီး မြင်းတစ်ကောင် သေဆုံး၍ အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦး ဒါဏ်ရာများရှိ Reviewed by THITHTOOLWIN on 08:57 Rating: 5
Powered by Blogger.