တောင်ပြိုနယ်စပ်တွင် မြန်မာဘက်မှ ကတုတ်ကျင်းများနှင့် ခြံစည်းရိုးများတည်ဆောက်နေဟု ဘင်္ဂလာဒေ့ရှ်က သတင်းရေးသား

Ref: Tambru Border: Myanmar troops building bunkers, barbed-wire fences
နိရဉ္စရာ၊ မတ် ၁၀

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုနယ်စပ်တွင် မြန်မာဘက်က ကတုတ်ကျင်းများနှင့် ခြံစည်းရိုးများကို ဆက်လက် တည်ဆောက်နေသည်သာမက စစ်သားများလည်း ကင်းလှည့်လျက် ရှိနေကြောင်း The Daily Star သတင်းဖော်ပြသည်။

မတ်လ ၂ ရက်နေ့က ပြုလုပ်သော မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်မှူးများ အဆင့် အလံတင်ဆွေးနွေးပွဲပြီးနောက် အချိန်အနည်းငယ် မြန်မာက လုပ်ရပ်များ ရပ်တန့်သွားခဲ့သော်လည်း ယခုအခါ ပြန်လည်ပြီး လွန်ခဲ့သော ရက်အနည်းငယ်က စတင် လုပ်ကိုင်နေသည်ဟု အရပ်သားများနှင့် BGB နယ်ခြားစောင့်တပ်ဖွဲ့ကို ကိုးကားပြီး သတင်းတွင် ရေးသားထားသည်။

မြန်မာစစ်သားများမှာလည်း တောင်ပြိုနယ်စပ်တွင် ကင်းလှည့်နေကြောင်း ၎င်းသတင်းက ဆက်ရေးသားသည်။

နယ်စပ်တွင် နေထိုင်သူများအား အင်တာဗျူးလုပ်ပြီး သတင်းဖော်ပြရာတွင် မြန်မာဘက်က ကတုတ်ကျင်းများကို တည်ဆောက်နေကြောင်း၊ နယ်စပ်ခြံစည်းရိုးကို တည်ဆောက်နေကြောင်း၊ စစ်သားအင်အားကိုလည်း တိုးချကာ တောင်ပြိုနယ်စပ်တစ်လျှောက် ကင်းလှည့်နေကြောင်း စသဖြင့် သတင်းတွင် ရေးသားဖော်ပြထားသည်။

တောင်ပြိုစခန်းမှ ဗိုလ်မှူး Kazi Manzurul Islam ကလည်း မြန်မာစစ်တပ်မှ နယ်စပ်တွင် ကင်းလှည့်လျက်ရှိနေကြောင်း၊ သူတို့၏ လူပ်ရှားမှုမှာလည်း တိုးပွားလာကြောင်း၊ နယ်စပ်တစ်လျှောက်တွင် ကတုတ်ကျင်းများကို ပိုမို တည်ဆောက်လာကြောင်းဖြင့် ပြောကြားသည်ဟု သတင်းတွင် ရေးသားထားသည်။

Narinjara
https://www.facebook.com/Narinjara
တောင်ပြိုနယ်စပ်တွင် မြန်မာဘက်မှ ကတုတ်ကျင်းများနှင့် ခြံစည်းရိုးများတည်ဆောက်နေဟု ဘင်္ဂလာဒေ့ရှ်က သတင်းရေးသား တောင်ပြိုနယ်စပ်တွင် မြန်မာဘက်မှ ကတုတ်ကျင်းများနှင့် ခြံစည်းရိုးများတည်ဆောက်နေဟု ဘင်္ဂလာဒေ့ရှ်က သတင်းရေးသား Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.