ကမ္ဘောဒီးယားမှာ ရဲနဲ့ ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Photo courtesy of an RFA listener
ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရွာသားတွေ အနည်းဆုံးနှစ်နှစ်လောက် နေထိုင်နေတဲ့မြေမှာ ရော်ဘာစိုက်ခင်းလုပ်ဖို့ ဖယ်ရှားခိုင်းတာမို့ အဝေးပြေးလမ်းမကို ရွာသားတွေက ပိတ်ဆို့ဆန္ဒပြချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရဲ ၇ ဦးနဲ့ ရွာသား ၇ ယောက်ထက်မနည်း မနေ့က ဒဏ်ရာရသွားပါတယ်။

ရွာသား ၂၀၀ လောက်က အဝေးပြေးလမ်းကို ၂ နာရီကြာ ပိတ်ထားတယ်လို့ တာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။

ရွာသားတွေက ကျည်ဆန်မှန်လို့ ဒဏ်ရာရပြီး ရဲတွေကတော့ ရွာသားတွေ ပစ်တဲ့လောက်လေးခွနဲ့ ခဲတွေကြောင့် ဒဏ်ရာရတာလို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဆန္ဒပြတဲ့လူ ၇ ယောက်ကိုလည်း ဖမ်းဆီးလိုက်တယ်လို့ဆိုပါတယ်။ ဒီရုန်းရင်းဆန်ခတ်မှုမှာ သေဆုံးသူမရှိဘူးလို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကမ္ဘောဒီးယားမှာ ရဲနဲ့ ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား ကမ္ဘောဒီးယားမှာ ရဲနဲ့ ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား Reviewed by THITHTOOLWIN on 14:05 Rating: 5
Powered by Blogger.