အချက်​ပြမီးမပြဘဲ ရုတ်​တရက်​​ကွေ့သော ဆိုင်​ကယ်​ယာဉ်​​မောင်း ကားတိုက်​ခံရ၍ ​သေဆုံး


ကျောင်းကုန်း မတ် ၆

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​ခရိုင်​၊​ ကျောင်းကုန်းမြို့နယ်​၊ ဇရပ်​ကွင်းအုပ်​စု၊ ရွာသစ်​ကုန်း​ရွာအနီးတွင်​ မတ်​လ ၆ ရက်​​နေ့ နံနက်​ ၁၁း၃၀ နာရီအချိန်​ခန့်​ က ယာဉ်​တိုက်​မှု ဖြစ်​ပွားပြီး လူတစ်​ဦး ​သေဆုံးခဲ့သည်​။

အမှုမှာ ဒုရဲအုပ်​ ထက်​​ဝေဦးသည်​ ​ကျောင်းကုန်းမြို့မရဲစခန်း၌ တာဝန်​မှူးတာဝန်​ ​ဆောင်​ရွက်​​နေစဉ်​ ယာဉ်​တိုက်​မှုဖြစ်​ပွား​ကြောင်း သတင်းအရ သက်​​သေများနှင့်​အတူ သွား​ရောက်​စစ်​​ဆေးရာ ရန်​ကုန်​-ပုသိမ်​ကားလမ်း၊မိုင်​တိုင်​အမှတ်​ ၆၈/၃ နှင့်​ ၆၈/၄ ကြား၊ရွာသစ်​ ကုန်းရွာ အနီးတွင်​ ရန်​ကုန်​ဘက်​မှ ပုသိမ်​ဘက်​သို့ ရန်​လင်း​ဝေ ​မောင်းနှင်​သည့်​6M/-------သစ္စာမှန်​လုံအနီ​ရောင်​​မော်​​တော်​ယာဉ်​သည်​ ၄င်း​၏ယာဉ်​​ကြောအတိုင်း ​မောင်းနှင်​လာစဉ်​ ပုသိမ်​ဘက်​မှ ရန်​ကုန်​ဘက်​သို့ ဦးကိုဝင်း(၅၅)နှစ်​ ​မောင်းနှင်​သည့်​ ၁၆ယ/--------- အနက်​​ရောင်​ဆိုင်​ကယ်​မှ လမ်း၏ဝဲဘက်​ခြမ်းရှိ ရွာအဝင်​လမ်းသို့ အချက်​ပြမီး မပြဘဲ ချိုး​ကွေ့ဖြတ်​ဝင်​လိုက်​စဉ်​ ဆိုင်​ကယ်​အား ​မော်​​တော်​ယာဉ်​နှင့်​တိုက်​မိပြီး ဦးကိုဝင်းသည်​ ရရှိထားသည့်​ဒဏ်​ရာများဖြင့်​ အခင်းဖြစ်​​နေရာတွင်​ပင်​သေဆုံးသွား​ကြောင်း စစ်​​ဆေး​တွေ့ရှိရသဖြင့်​ယာဉ်​မဆင်​မခြင်​ ​မောင်းနှင်​ခြင်းဖြင့်​ လူကို ထိခိုက်​​သေဆုံး​စေသူ ဦးကိုဝင်းအား ​ကျောင်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်​အ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်း မြို့မရဲစခန်းမှ သိရသည်​။

ဝင်းကြိုင်​(​ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အချက်​ပြမီးမပြဘဲ ရုတ်​တရက်​​ကွေ့သော ဆိုင်​ကယ်​ယာဉ်​​မောင်း ကားတိုက်​ခံရ၍ ​သေဆုံး အချက်​ပြမီးမပြဘဲ ရုတ်​တရက်​​ကွေ့သော ဆိုင်​ကယ်​ယာဉ်​​မောင်း ကားတိုက်​ခံရ၍ ​သေဆုံး Reviewed by THITHTOOLWIN on 22:47 Rating: 5
Powered by Blogger.