ကဘူးလ်တက္ကသိုလ်အနီး ပေါက်ကွဲမှုကြောင့် လူ ၂၆ ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံတွင် Nawroz နှစ်သစ်ကူးပွဲတော်အတွက် လုံခြုံရေးတာဝန်ယူထားသည့် တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)
 ကဘူးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တက္ကသိုလ်အနီး၌ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲခဲ့ပြီးနောက် လူ ၂၆ ဦးကျော် သေဆုံးခဲ့ပြီး အခြားသူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“ခန္ဓာကိုယ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ အကြမ်းဖက်သမား တစ်ဦးက ၁၃၉၇ ခုနှစ် အစ္စလာမ်ပြက္ခဒိန် နေနှစ်သစ် သို့မဟုတ် Nawroz နှစ်သစ်ကူးပွဲတော် ဆင်နွှဲဖို့ စုဝေးနေတဲ့ ပြည်သူထောင်ပေါင်းများစွာရှိရာ Sakhi ဗိမာန်ကို ပစ်မှတ်ထားတာ သိသာတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် လုံခြုံရေး တင်းကြပ်လှသဖြင့် ၎င်းသည် ယင်းနေရာသို့ မရောက်ရှိနိုင်ခဲ့ဘဲ ကဘူးလ်တက္ကသိုလ်အနီး ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ အရာရှိက ဆိုသည်။

အရာရှိ၏ ပြောကြားချက်အရ လမ်းသွားလမ်းလာ ၂၆ ဦး သေဆုံးပြီး အခြား ၁၈ ဦး ဒဏ်ရာရရှိကြောင်း ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ကမူ ၈ ဦးသေဆုံးပြီး နှစ်ဒါဇင်နီးပါး ဒဏ်ရာရရှိခဲ့သည်ဟု ထင်မြင်ခဲ့သည်။

အခင်းဖြစ်ပွားရာနေရာအား ရဲတပ်ဖွဲ့က သွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

 အဆိုပါ တိုက်ခိုက်မှုအပေါ် အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ မှတ်ချက်ပြုထားခြင်း မရှိသေးပေ။

(Xinhua)
http://xinhuamyanmar.com
ကဘူးလ်တက္ကသိုလ်အနီး ပေါက်ကွဲမှုကြောင့် လူ ၂၆ ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရ ကဘူးလ်တက္ကသိုလ်အနီး ပေါက်ကွဲမှုကြောင့် လူ ၂၆ ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.