အသုဘလိုက်ပို့သည့် နာရေးယာဉ် ကျောက်ထဲထိုးကျ လူ လေးဦးသေဆုံး


ခိုနူမ်းသုန်သတင်း၊ ၃၁ မတ် ၂၀၁၈

ချင်းပြည်နယ် မတူပီမြို့နယ် အိုက္ကားကျေးရွာသို့ အသုဘ(ရုပ်အလောင်း) လိုက်ပို့သည့် မန္တလေးမြို့အခြေစိုက် မဏိစလ လူမှုကူညီရေးအသင်း၏ နာရေးယာဉ်သည် မတ်လ ၂၈ ရက်နေ့က ပေ ၃၀၀ ကျော်နက်သည့် ကျောက်ထဲသို့ ထိုးကျသွားပြီး ကားပေါ်ပါလာသည့် လူ လေးဦးသေဆုံးသည်ဟု သိရသည်။


မန္တလေးမြို့ ပြည်သူ့ဆေးရုံးတွင် ကွယ်လွန်သည့် အိုက္ကားကျေးရွာနေ ဒေါ်လီလီ (၄၃)၏ ရုပ်အလောင်းကို မဏိစလ လူမှုကူညီရေးအသင်းမှ လိုက်ပို့ပြီး အိုက္ကားရွာမှအပြန်လမ်းခရီးတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် နောက်လိုက်တစ်ဦး၊ အိုက္ကားရွာမှ ဂန့်ဂေါမြို့သို့ ပြန်လည်လိုက်ပါလာသူ ၂ ဦး တို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မဏိစလလူမှုကူညီ ရေးအသင်းမှ စာရေးကြီး ကိုကျော်ကြီးကပြောသည်။

“ အိုက္ကားရွာကို ၂၈ ရက်နေ့လယ် ၂ နာရီမှာရောက်သွားတယ် အဲဒီမှာ အနားယူပြီး ၃ နာရီလောက်ကျ တော့ ပြန်ထွက်လာတာ နောက်ပိုင်းတော့အဆက်အသွယ်ပျက်သွားတာ သူတို့ကျောက်ထဲကျတဲ့အချိန်ကတော့ ညပိုင်းလောက်ဖြစ်ဖို့များတယ် မတ်လ ၃၀ ရက်နေ့မှာ ပြန်တွေ့တာပါ’’ ဟု ကိုကျော်ကြီးကပြောသည်။

သေဆုံးသွားသည့်ရုပ်အလောင်းကို ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံတွင်ထားရှိပြီး နာရေးယာဉ်မောင်းနှင့် နောက်လိုက်ကို ယနေ့တွင် မီးသဂြိုလ်မည်ဟုသိရသည်။ (ဓာတ်ပုံ - ပရဟိတ၀ါသနာ လူမှုကူညီရေးအသင်း)

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
အသုဘလိုက်ပို့သည့် နာရေးယာဉ် ကျောက်ထဲထိုးကျ လူ လေးဦးသေဆုံး အသုဘလိုက်ပို့သည့် နာရေးယာဉ် ကျောက်ထဲထိုးကျ လူ လေးဦးသေဆုံး Reviewed by THITHTOOLWIN on 12:52 Rating: 5
Powered by Blogger.