ဗီယက်နမ်နိုင်ငံသား သူလှိုမှုနဲ့ စွဲချက်တင်


အသက် ၄၇ နှစ်ရွယ် Long N.H. ဆိုသူ ဗီယက်နမ်အမျိုးသားတဦးကို သူလျှိုလုပ်မှုအပြင် ဗီယက်နမ်ရေနံကုမ္ပဏီအမှုဆောင်ဟောင်းကို မနှစ်က ပြန်ပေးဆွဲမှုနဲ့ ဂျာမနီ ဖယ်ဒရယ်တရားသူကြီးတွေက စွဲချက်တင်လိုက်ပါတယ်။

ဗီယက်နမ်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း PetroVietnam ဆောက်လုပ်ရေး ကော်ပိုရေးရှင်း ဥက္ကဌဟောင်း Trinh Xuan Thanh အပြင် သူနဲ့အတူပါလာတဲ့ အမျိုးသမီးတဦးကို ပြန်ပေးဆွဲမှုမှာ အဲဒိလူက ပံ့ပိုးကူညီတယ်လို့ တရားသူကြီးတွေက စွပ်စွဲပါတယ်။

သူတို့နှစ်ယောက်ကို လမ်းပေါ်ကနေ van ကားတစီးထဲသွင်း ဖမ်းသွားပြီး ဗီယက်နမ်ကို ဇူလိုင်လက ခေါ်သွားတယ်လို့ ပြောပါတယ်။
PetroVietnam ဥက္ကဌဟောင်း ကို အဂတိလိုက်စားမှုနဲ့ ဗီယက်နမ်မှာ ဒီနှစ်အစောပိုင်းတုန်းက တသက်တကျွန်းဒဏ် နှစ်ထပ်ကွမ်း ချမှတ်လိုက်ပါတယ်။

ဂျာမနီမှာ နိုင်ငံရေးခိုလှုံခွင့်ယူထားတဲ့ PetroVietnam ဥက္ကဌဟောင်းကို ပြန်ပေးမဆွဲဘူးလို့ ဗီယက်နမ်က ငြင်းပါတယ်။ သူ့သဘောနဲ့သူ ဗီယက်နမ်ပြန်လာတာဆိုပြီး ပြောပေမဲ့ ဗီယက်နမ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်လို့ ဂျာမနီက စွပ်စွဲပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ