စတေကာကပ်၍ မောင်းနှင်သည့် အငှားယာဉ်များကို လုပ်ငန်း လိုင်စင်များ ပိတ်သိမ်းမည်


ရန်ကုန် မတ် ၁၈

ရန်ကုန်မြို့အတွင်း ခရီးသည် ပို့ဆောင်နေသော အငှားယာဉ်၏ မှန်များတွင် စတေကာ မကပ်ရန် တရားဝင်ကြေညာ တားမြစ်ထားသော်လည်း စတေကာကပ်၍ မောင်းနှင်သည့် အငှားယာဉ်အစီး ၉ဝ ကျော်ကို လုပ်ငန်းလိုင်စင်များ ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ထိုသို့ စတေကာကပ်၍ မောင်းနှင်နေမှုများကို တားမြစ်အရေးယူရန် ဆောင်ရွက်နေပြီး လက်ရှိတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီး ရရှိထားသည့် အငှားယာဉ်အစီးရေ ၉ဝ ကျော်ရှိကြောင်း၊ ယင်းတို့သည် AA ၊ BB ၊ 1A နှင့် 1B စသည့်အက္ခရာ အငှားယာဉ်များ ဖြစ်ကြောင်းနှင့် ထိရောက်စွာ အရေးယူနိုင်မှသာ စည်းကမ်းမဲ့မှုများ လျော့ကျလာမည် ဖြစ်ကြောင်း သိရသည်။

အငှားယာဉ်များတွင် စတေကာကပ်၍ မမောင်းနှင်ရန် တရားဝင်ကြိုတင် ကြေညာထားသော်လည်း စည်းကမ်းမဲ့ တပ်ဆင်မောင်းနှင်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ လက်ရှိဖမ်းဆီး အရေးယူခံထားရသည့် အငှားယာဉ်များသည် ကြိုတင်အသိပေးချက်များ ထုတ်ပြန် ထားသော်လည်း မလိုက်နာဘဲ စတေကာကပ် မောင်းနှင်နေခြင်းမှာ မထီမဲ့မြင်ပြုခြင်းဖြစ်၍ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်းနှင့် တားမြစ်ချက်များ အပေါ် လိုက်နာမှုမရှိသည့် ယာဉ်များ ကိုလည်း စစ်ဆေးအရေးယူလျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် အငှားယာဉ်များအနေဖြင့် စတေကာကပ် မောင်းနှင်ခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားဝင်ကြေညာခဲ့ခြင်းဖြစ်ပြီး လိုက်နာမှုမရှိသည့် မော်တော်ယာဉ်များကို သက်ဆိုင်ရာမှ မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ နှင့်အညီ အရေးယူကာ နောက်ဆုံးအဆင့်အနေဖြင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
စတေကာကပ်၍ မောင်းနှင်သည့် အငှားယာဉ်များကို လုပ်ငန်း လိုင်စင်များ ပိတ်သိမ်းမည် စတေကာကပ်၍ မောင်းနှင်သည့် အငှားယာဉ်များကို လုပ်ငန်း လိုင်စင်များ ပိတ်သိမ်းမည် Reviewed by THITHTOOLWIN on 11:30 Rating: 5
Powered by Blogger.