မြောက်ကိုးရီးယားက ကမ်းလှမ်းချက် သမ္မတ ထရမ့် ကြိုဆို


နျူကလီးယား လက်နက်ပစ္စည်းတွေ ကင်းစင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတယ်လို့ မြောက်ကိုးရီးယားက ကမ်းလှမ်းလာတာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြိုဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ နဲ့ တရုတ်ရဲ့ကြီးမားတဲ့ အကူအညီတွေဟာ ခုလို အခက်အခဲတွေကို သံတမန်ရေးအရကျော်လွှားနိုင်ဖို့ ဖြစ်လာတာလို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲရလဒ်မကောင်းခဲ့ရင် အရင်ကပြောထားသလို စစ်ရေးအရ ဆက်လက်အရေးယူသွားဖို့လည်း လက်နှေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မြောက်ကိုးရီးယားရဲ့နျူကလီးယားပြသနာကိုဖြေရှင်းဖို့ နည်းပေါင်းစုံနဲ့ကြိုးစားမှာဖြစ်ပြီး မြောက်ကိုးရီးယားဟာ တွေ့ဆုံဆွေးနွေးဖို့ တကယ့်စိတ်ရင်းနဲ့ တောင်းဆိုတာဖြစ်တယ်လို့ ထင်ရကြောင်းနဲ့ အဲဒါ မှန်၊ မမှန်ကို မကြာခင်သိရမှာပါလို့လည်း ဆိုပါတယ်။

မြောက်ကိုးရီးယားဟာ အမေရိကန်ပြည်ထောင်စုအထိလှမ်းပစ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးပျံကို စမ်းသပ်နေပြီး မကြာခင်မှာ အဲဒီစမ်းသပ်မှုက ပြီးဆုံးမှာဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုးရီးယားက ကမ်းလှမ်းချက် သမ္မတ ထရမ့် ကြိုဆို မြောက်ကိုးရီးယားက ကမ်းလှမ်းချက် သမ္မတ ထရမ့် ကြိုဆို Reviewed by THITHTOOLWIN on 22:43 Rating: 5
Powered by Blogger.