သီရိလင်္ကာမှာ စစ်တပ်လုံခြုံရေး အထူအထပ်ချထား

Photo: REUTERS
မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဘာသာရေးပဋိပက္ခဖြစ်ပွားနေတဲ့ သီရိလင်္ကာနိုင်ငံမှာ ဒီကနေ့ သောကြာနေ့ ဗလီဝတ်ပြုဆုတောင်းမယ့် အစီအစဉ်မတိုင်ခင် ဗလီတွေတဝိုက်မှာ စစ်တပ်က လုံခြုံရေး အစောင့်အကြပ်တွေ ထူထူထပ်ထပ်ချထားပါတယ်။

နိုင်ငံရဲ့အလယ်ပိုင်း ကန္ဒီမြို့မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဗုဒ္ဓဘာသာဝင်တစ်ဦးကို မွတ်စလင် ဘာသာဝင်လူတစ်စုက သတ်ဖြတ်လိုက်ပြီးတဲ့နောက် နိုင်ငံတဝှမ်းမှာ ဘာသာရေးပဋိက္ခတွေ ပြန့်ပွားသွားခဲ့တာပါ။

ပဋိပက္ခတွေအတွင်း သေဆုံးသူ ၃ ဦးရှိသွားပြီဖြစ်ပြီး၊ လူ ၈၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
မွတ်စလင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နေအိမ်တွေ၊ မော်တော်ကားတွေ ရာနဲ့ချီ ဖျက်ဆီးခံလိုက်ရပြီး၊ ကန္ဒီမြို့မှာ စာသင်ကျောင်းတွေ ပိတ်ထားဆဲဖြစ်ပါတယ်။

လူဦးရေ ၂၁ သန်းနေထိုင်တဲ့ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ဆင်ဟာလိစ်လူမျိုး(Sinhalese) ၇၅ ရာခိုင်နှုန်းကျော်ရှိပြီး၊ မွတ်စလင်က ၁၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ သီရီလင်္ကာနိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဘာသာရေးပဋိက္ခတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

RFA Burmese
https://www.facebook.com/rfaburmese/
သီရိလင်္ကာမှာ စစ်တပ်လုံခြုံရေး အထူအထပ်ချထား သီရိလင်္ကာမှာ စစ်တပ်လုံခြုံရေး အထူအထပ်ချထား Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.