ဆိုင်ကယ်ငှားသည့် ကိစ္စဖြင့် ညီအကိုနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ညီဖြစ်သူအား ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့


ဆိပ်ဖြူ မတ် ၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာတွင် မတ် ၄ ရက် ည ၁၀နာရီ ကျော်ခန့်က အရက်အတူသောက်စားပြီး ဆိုင်ကယ် ငှားရမ်းသည့် ကိစ္စကြောင့် စကားများရန်ဖြစ်၍ ညီဖြစ်သူအား ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိန် က ဆိပ်ဖြူ မြို့မ ရဲစခန်းသို့ သတင်းပို့အကြောင်းကြားခဲ့ပြီး အခင်းဖြစ်နေရာသို့ ဆိပ်ဖြူမြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူးမျိုးဝင်နှင့် နယ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်ကျော်ကျော်ဦးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ သေဆုံးသူ ကျော်ဝင်းနိုင် မှာ အိမ်ရှေ့ အဆောင်အောက် ကုတင်ပေါ်တွင် မှောက်လျှက် အနေအထားဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရသည်။

 ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ မတ် (၄)ရက် ည (၉)နာရီအချိန်ခန့်မှစ၍ အကိုဖြစ်သူ အေးနိုင် နှင့် ညီဖြစ်သူ ကျော်ဝင်းနိုင်တို့သည် နေအိမ်တွင် အရက်အတူ သောက်စားခဲ့ရာမှ ည(၁၀)နာရီကျော် ခန့်က ဆိုင်ကယ် ငှားရမ်းသည့် ကိစ္စနှင့် စကားများခဲ့ရာ အကိုဖြစ်သူ နိုင်အေးက ညီဖြစ်သူ ကျော်ဝင်းနိုင်အား အရိုးအသွား (၁၈)လက်မ ခန့်ရှိ ဓားဦးချွန်ဖြင့် ထိုးသတ်ခဲ့ကြောင်းကိုသိရှိခဲ့ရသည်။

 ဖခင်ဖြစ်သူ ဦးစိုးနိုင် က ဖြစ်စဉ်နှင့်ပတ်သက်၍ ညီဖြစ်သူ ကျော်ဝင်းနိုင် အား ဓားဖြင့် ထိုးသတ်ခဲ့သည့် အေးနိုင်(၃၃)နှစ် ၊အဖ ဦးစိုးနိုင်အား အရေးယူပေးပါရန် ဆိပ်ဖြူမြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း ဆိပ်ဖြူမြို့မ ရဲစခန်းမှ တိုင်တန်းမှုကို လက်ခံ၍ ရဲလုပ်ငန်းများနှင့် အညီ စစ်ဆေးအရေးယူဆောင်ရွက်လက်ရှိကြောင်းသိရှိရသည်။

ကိုဇွဲ(အညာမြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိုင်ကယ်ငှားသည့် ကိစ္စဖြင့် ညီအကိုနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ညီဖြစ်သူအား ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ ဆိုင်ကယ်ငှားသည့် ကိစ္စဖြင့် ညီအကိုနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ညီဖြစ်သူအား ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.