ထိုင်းငါးဖမ်းလုပ်ငန်း တိုးတက်


ထိုင်းငါးဖမ်းနဲ့ ပင်လယ်အစားအစာလုပ်ငန်းကို ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်က ကွင်းဆင်း စစ်တမ်းကောက်တဲ့အခါ ကာယပိုင်းဆိုင်ရာ အကြမ်းပတမ်းခိုင်းစေမှုလျော့နည်း သွားတာအပါအ၀င် တချို့ ကဏ္ဍပိုင်းတွေမှာ တိုးတက်တာတွေ့ရပေမဲ့ လုပ်ခမမျှတတာနဲ့ ကန်ထရိုက်စာချုပ် လိမ်လည်မှု ရှိမြဲရှိနေတုန်းပဲလို့ မနေ့က ထုတ်ပြန်တဲ့ ILO အစီရင်ခံစာမှာ ပါရှိပါတယ်။

ထိုင်းငါးဖမ်းလုပ်ငန်းက ပို့ကုန်တွေကို အီးယူ- ဥရောပသမဂ္ဂက ၂၀၁၅ ဧပြီတုန်းက အ၀ါရောင်အဆင့်သတ်မှတ်ပြီး မပြုပြင်မပြောင်းလဲရင် အီးယူကို တင်ပို့ရောင်းချခွင့် လုံးဝပိတ်ပစ်မယ်လို့ သတိပေးခဲ့ပါတယ်။
ဒါကြောင့် ထိုင်းစစ်အစိုးရက စည်းမျဉ်းစည်းကမ်းသစ်တွေ ချမှတ်ပြီး တရားမ၀င် ငါးဖမ်းလုပ်ငန်း တိုက်ဖျက်ရေး ဌာနလည်း တည်ထောင်ပါတယ်။

ဒီလို ချမှတ်ထားတဲ့ ဥပဒေဘောင်ကို အားကောင်းအောင်လုပ်ဖို့ ဥပဒေအတိုင်း တင်းတင်းကျပ်ကျပ်လုပ်ဖို့၊ စံနှူန်းမီအဆင့်မြင့်ငါးဖမ်းလုပ်ငန်းတည်ထောင်ဖို့နဲ့ မြန်မာနိုင်ငံသားတွေပါ ရှိတဲ့ ငါးဖမ်းလုပ်သားတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှု အသိပညာနဲ့ လူမှုဖူလုံရေးစတာတွေ မြှင့်တင်ပေးဖို့ ထိုင်း အစိုးရကို ILO အစီရင်ခံစာက တိုက်တွန်းပါတယ်။

၂၀၁၃ မှာ ငါးဖမ်းရေယာဉ်ပေါ်က လုပ်သား ၆ % ပဲ အလုပ်ရှင်နဲ့ ကန်ထရိုက်လက်မှတ် ရေးထိုးထားတာရှိပြီး ၂၀၁၇ မှာ ၄၃% ရှိတယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်းငါးဖမ်းလုပ်ငန်း တိုးတက် ထိုင်းငါးဖမ်းလုပ်ငန်း တိုးတက် Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.