ဥက္ကံမြို့နယ်​တွင်​ ​ပေါင်းသတ်​​ဆေး ဖြန်းစဉ်​ ​ဆေးရည်​ မထွက်​၍ ပိုက်​​ခေါင်းအား ပါးစပ်​ဖြင့်​စုတ်​ရာ ​ဆေးရည်​များ ဝမ်းဗိုက်​ထဲ​ရောက်​ရှိသွာပြီး ​သေဆုံး


တိုက်​ကြီး မတ်​ ၁၈

တိုက်​ကြီးမြို့နယ်​ ဥက္ကံမြို့၌ ​ပေါင်းသတ်​​ဆေးဖြန်းစဉ်​ ၊ ​ဆေးရည်​များမထွက်​၍ ပိုက်​​ခေါင်းအား ပါးစပ်ဖြင့်​ စုတ်​ယူရာ ​ဆေးရည်​များ ဝမ်းပိုက်​ထဲ​ရောက်​၍ ရန်​ကုန်​​ဆေးရုံတွင်​ ​ဆေးကုသစဉ်​ မတ်​လ ၁၆ရက်​​နေ့ ည ၉ နာရီတွင် ​သေဆုံးသွာ​ကြောင်း ဥက္ကံရဲစခန်းမှ သိရသည်​။

ဖြစ်​စဉ်​မှာ ဥက္ကံမြို့ဗန္ဓုလရပ်​ကွက်​​နေ ​အောင်​သုခလမ်း​နေ မပြည့်​ဇာခြည်​ ၂၃နှစ်​ စက်​ချုပ်​ (ဘ)ဦးစိုးမြင့်​ သည်​၊ မတ်​လ ၂ ရက်​​နေ့ သီးနှံပင်​ များအား အမ်​မိုဇုန်း ​ပေါင်းသတ်​​ဆေး၊ ​ဆေးဖြန်းစဉ်​ ပိုက်​မှ ပိုးသတ်​​ဆေးရည်​မထွက်​၍ ပါးစပ်​ဖြင့်​  စုပ်​ယူရာမှတဆင့်​  ​ပေါင်းသတ်​​ဆေးရည်​များ ဝမ်​ဗိုက်​တွင်းဝင်​သွား၍ ရန်​ကုန်​​ဆေးရုံကြီးသိုတင်​ပို့ ကုသ​နေစဉ်​ မတ်​လ ၁၆ ရက်​​နေ့ ည ၉ နာရီတွင် ​သေဆုံးသွားသဖြင့် မတ်​လ ၁၇ ရက်​တွင်​ ဥက္ကံမြို့ ရဲစခန်းမှူးရဲအုပ်​ မျိုးထွန်း၊ ဗန္ဓုလရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး၊ သက်​​သေများဖြင့် ရန်​ကုန်​​ဆေးရုံကြီ ရင်​ခွဲရုံသို့ သွား​ရောက်​စစ်​​ဆေးရာ မပြည့်​ဇာခြည်​တွင်​ ပြင်​ပဒဏ်​ရာ တစ်​စုံတရာမ ​တွေ့ရှိရ ဘဲ ​သေဆုံး​ကြောင်းသိရှိရပြီး အမှုအား ရဲစခန်းမှအမှုဖွင့်​ ထားရှိ​ကြောင်း သတင်းရရှိသည်​။

ထွန်းလှိုင်​(မြိုင်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဥက္ကံမြို့နယ်​တွင်​ ​ပေါင်းသတ်​​ဆေး ဖြန်းစဉ်​ ​ဆေးရည်​ မထွက်​၍ ပိုက်​​ခေါင်းအား ပါးစပ်​ဖြင့်​စုတ်​ရာ ​ဆေးရည်​များ ဝမ်းဗိုက်​ထဲ​ရောက်​ရှိသွာပြီး ​သေဆုံး ဥက္ကံမြို့နယ်​တွင်​ ​ပေါင်းသတ်​​ဆေး ဖြန်းစဉ်​ ​ဆေးရည်​ မထွက်​၍ ပိုက်​​ခေါင်းအား ပါးစပ်​ဖြင့်​စုတ်​ရာ ​ဆေးရည်​များ ဝမ်းဗိုက်​ထဲ​ရောက်​ရှိသွာပြီး ​သေဆုံး Reviewed by THITHTOOLWIN on 07:10 Rating: 5
Powered by Blogger.