မွေးခါစဝက်ငယ်တွင် လူလက်နှင့် သဏ္ဍာန်တူသည့် လက်နှစ်ဖက် ထူးရှားစွာပါရှိ
ဟိုင်းကြီးကျွန်း မတ် ၃
ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက် နယ်မြေ ၁၁ ရှိ ကိုမောင်မြင့် မသန်သန်းဆင့် တို၏နေအိမ်၌မွေးမြူထားသောဝက်မကြီးမှ လူလက်နှင့် သဏ္ဍာန်တူသည့် လက်နှစ်ဖက်ထူးရှားစွာပါရှိသောဝက်ငယ် တစ်ကောင်ကို မတ်လ၂ရက်နေ့ မွန်းလွဲပိုင်းက ပေါက်ဖွားခဲ့၍ ဒေသခံ တစ်ချို့ စိတ်ဝင်တစ်စားလာရောက်ကြည့်ရှုလျက်ရှိသည်။
ဝက်ငယ်တွင် ဓမ္မတာအတိုင်းခြေလေးချောင်းပါရှိသော်လည်း အရှေ့ခြေနှစ်ချောင်းမှာ လူလက်နှင်သဏ္ဍာန်တူကာ လက်ချောင်း ငါးချောင်းပါရှိနေပြီး လက်ဖျံမှာလည်းလူလက်ဖျံနှင့် ဆင်တူနေခြင်းကြောင့် ထူးရှား၍ လူတော်တော်များများလာရောက် ကြည့်ရှုနေကြောင်း မသန်းသန်းဆင့် ကပြောသည်။
၅ကောင်ဖြစ်ကာ ထူးရှားစွာဝက်ငယ်တစ်ကောင် ပါရှိခြင်းဖြစ်ကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မွေးခါစဝက်ငယ်တွင် လူလက်နှင့် သဏ္ဍာန်တူသည့် လက်နှစ်ဖက် ထူးရှားစွာပါရှိ မွေးခါစဝက်ငယ်တွင် လူလက်နှင့် သဏ္ဍာန်တူသည့် လက်နှစ်ဖက် ထူးရှားစွာပါရှိ Reviewed by THITHTOOLWIN on 08:15 Rating: 5
Powered by Blogger.