မြောက်ကိုရီးယားကို အိန္ဒိယ အရေးယူ


မြောက်ကိုရီးယားနျူကလီးယားနဲ့ ဒုံးကျည်အစီစဉ်ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်တဲ့ အရေးယူပိတ်ဆို့မှုနဲ့ အညီ အိန္ဒိယနိုင်ငံကလည်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်သစ်တွေ မနေ့ကချမှတ်လိုက်တယ်လို့ အစိုးရကြေညာချက်မှာဖော်ပြပါတယ်။

ကုန်သွယ်ရေးကန့်သတ်ချက်ချမှတ်ပေမဲ့ သံတမန်ဆက်ဆံရေးကိုတော့ ဒီတိုင်းပဲထားရှိပါတယ်။

အိန္ဒိယဟာ မြောက်ကိုရီးယားကို အရင်က စားနပ်ရိက္ခာ အကူအညီပေးပေမဲ့ ခုတော့ အနည်းဆုံးအဆင့်ထိလျှော့ချပါတယ်။
ကုန်သွယ်ရေး ကန့်သတ်ချက်သစ်မှာ ယာဉ်အသစ်ဒါမှမဟုတ်တပတ်ရစ်၊ အစားအသောက်နဲ့ လယ်ယာထွက်ကုန်၊ လျှပ်စစ်ပစ္စည်းနဲ့ သစ် စတာတွေကို အထူးသဖြင့်ကန့်သတ်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

စက်မှုလုပ်ငန်းသုံးစက်ယန္တရား၊ သယ်ယူပို့ဆောင်ရေးယာဉ်၊ သံ။ သံမဏိနဲ့ တခြား သတ္တုတင်ပို့တာကိုလည်း တင်းကျပ်လိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယားကို အိန္ဒိယ အရေးယူ မြောက်ကိုရီးယားကို အိန္ဒိယ အရေးယူ Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.