မြောက်ဥက္ကလာဆေးရုံမှာ မွေးကင်းစကလေးငယ် ခိုးယူခံရ


ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပဆေးရုံကြီးမှာ မတ်လ(၅)ရက်နေ့  မနက်ပိုင်းပိုင်းက တက်ရောက် မွေးဖွားခဲ့တဲ့ ကိုအံ့ဇော်နဲ့ မချောစုနိုင်(ခ)ချောဖြူတို့ရဲ့ မွေးကင်းစအရွယ် ယောင်္ကျားလေးတစ်ဦး အခိုးခံရတာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ၀၂၁၅ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်နေ အံ့ဇော်၊ (၃၆)နှစ် သည် ဇနီးဖြစ်သူ မချောဖြူ(ခ)ချောစုနိုင်၊ (၃၅)နှစ်မှာ မီးဖွားရန် ဗိုက်နာနေသဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ သွားရောက်ခဲ့ကာ သားဖွားမီးယပ်ဆောင်တွင် သားတစ်ဦး မွေးဖွားခဲ့ပါသည်။

 ကလေးအား မွေးကင်းစကလေး ဆေးကုသဆောင်သို့ သွားရောက်ပြသရမည်ဖြစ်သဖြင့် အံ့ဇော်မှ ဇနီးဖြစ်သူ တက်ရောက်နေသော ခုတင်သို့ သွားရောက်ခေါ်ဆောင်မည်ပြုရာ အမျိုးသားများ ဝင်လို့ မရကြောင်း သိရှိရသဖြင့် သားဖွားမီးယပ်ဆောင်ရှေ့တွင် တွေ့ရှိသော အမျိုးသမီး ၁ ဦး(စိစစ်ဆဲ)အား အဆောင်အတွင်းရှိ ကလေး အားခေါ်ဆောင်ပေးရန် အကူအညီတောင်းခံခဲ့သည်။

 ၎င်းအမျိုးသမီးနှင့်အတူ သွားရောက်ပြသခဲ့ရာ အဆောင်ရှေ့သို့ရောက်သောအခါ ဆေးမှတ်တမ်း မပါရှိ၍လည်းကောင်း၊ ကလေး မှာ နို့ဆာသဖြင့်ငိုနေ၍ လည်းကောင်း သားဖွားမီးယပ်ဆောင်ရှိ ခုတင်သို့ ပြန်လာခဲ့ပါသည်။

 ၎င်းနောက် ကလေးအား ဇနီး ဖြစ်သူမှ နို့တိုက်နေချိန် အံ့ဇော်မှာ အပေါ့သွားပြီး ပြန်လာရာ ကလေးအား မတွေ့ရှိသဖြင့် မေးမြန်းရာ အံ့ဇော်နှင့် ပါလာသူ အမျိုးသမီးကို ကလေးအားပြသရန် ဆေးစာအုပ်များနှင့်အတူ ထည့်ပေးလိုက်၍ ခေါ်ဆောင်သွားကြောင်း ပြောပြသိရှိရသဖြင့် လိုက်လံကြည့်ရှုရာ အမျိုးသမီးနှင့် ကလေးမှာ ပျောက်ဆုံးနေခဲ့ပါသည်။

 ကလေးအား ခိုးယူသွားသည့် အမျိုးသမီး(စိစစ်ဆဲ)အား မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၂၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။

သစ်ထူးလွင်
မြောက်ဥက္ကလာဆေးရုံမှာ မွေးကင်းစကလေးငယ် ခိုးယူခံရ မြောက်ဥက္ကလာဆေးရုံမှာ မွေးကင်းစကလေးငယ် ခိုးယူခံရ Reviewed by THITHTOOLWIN on 15:06 Rating: 5
Powered by Blogger.