တောင်ဆူဒန်မှာ ကုလသမဂ္ဂ ရေဒီယိုဌာန ပိတ်ရပြီ

 ရေဒီယို အသံလွှင့်တနေရာ
တောင်ဆူဒန်နိုင်ငံမှာ ကုလသမဂ္ဂရဲ့ ရေဒီယိုအသံလွှင့်ဌာန ပိတ်ဖို့ အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

Radio Miraya ရေဒီယို မီရာယာ ဟာ တောင်ဆူဒန်ရဲ့ မီဒီယာဥပဒေကို လိုက်နာဖို့ ငြင်းဆန်ပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေကို အမြဲလိုလို သွေဖီဆန့်ကျင်ခဲ့တယ်လို့ မီဒီယာ ထိန်းချုပ်ရေး အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂ ကတော့ သူတို့ရဲ့ ရေဒီယို ဌာနက ဆက်ပြီး ထုတ်လွှင့်ခွင့် ရရေး အစိုးရနဲ့ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေဒီယို မာရီယာ ဟာ တောင်ဆူဒန်က ကုလသမဂ္ဂ ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို ထုတ်လွှင့်တာ ဖြစ်ပါတယ်။

တောင်ဆူဒန်မှာ ၂၀၁၆ ကတည်းက မီဒီယာ ထိန်းချုပ်ရေး အဖွဲ့ ပေါ်ပေါက်လာခဲ့ပြီး တိုင်းပြည်တွင်း မီဒီယာ အဖွဲ့အစည်းတွေ အပေါ် ဖိအားပေးမှုတွေ တိုးလာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
တောင်ဆူဒန်မှာ ကုလသမဂ္ဂ ရေဒီယိုဌာန ပိတ်ရပြီ တောင်ဆူဒန်မှာ ကုလသမဂ္ဂ ရေဒီယိုဌာန ပိတ်ရပြီ Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.