ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုယ်ပိုင်ယာဉ်အရှိန်လွန် ရေမြောင်းအတွင်းထိုးကျ


ရန်ကုန် မတ် ၇

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၅)ရပ်ကွက် အောင်ဆန်းသူရိယ လမ်း ရေမြောင်းအတွင်းသို့ ယနေ့ နံနက် ၅ နာရီခွဲတွင် ဗိုလ်မင်း ရောင်လမ်းမှ အောင်ဆန်းသူရိယလမ်းသို့ တောင်မှမြောက်သို့ မောင်း နှင်လာသော ယာဉ်နံပါတ်YGN 3L/----WISHအမျိုးအစား အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် အရှိန်လွန်ကာ အောင်ဆန်းသူရိယ လမ်းထောင့်အရောက် ရေမြောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းနှင်လာသူနှင့် လိုက်ပါလာသူတစ်ဦးတို့မှာ ယာဉ်ကိုထား ပြီး တိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်ထိုးကျမှုဖြစ်စဉ်အား အမှတ်(၆)နယ်မြေယာဉ် ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

တင်ဆန်းအောင်
The Union Daily
https://www.facebook.com/uniondaily.net
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုယ်ပိုင်ယာဉ်အရှိန်လွန် ရေမြောင်းအတွင်းထိုးကျ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုယ်ပိုင်ယာဉ်အရှိန်လွန် ရေမြောင်းအတွင်းထိုးကျ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.