ကသာမြို့ မီးရထား ဘူတာရုံအနီးတွင် လက်ပစ်ဗုံး ၂ လုံးတွေ့ရှိ


ကသာမြို့ အမှတ် ၆ ရပ်ကွက် မီးရထားဘူတာရုံ အနီးတွင် အသုံးမပြုရ သေးသော လက်ပစ်ဗုံး ၂ လုံးကို မတ်လ ၁၃ရက်နေ့ ညနေပိုင်းအချိန်က တွေ့ရှိခဲ့ကြောင်း သိရသည် ။


ဘူတာလမ်းမှ တပ်မတော်လမ်းသို့ ထွက်သည့် အခွံရုံးလမ်း လမ်းသွယ်ရှိ ရေမြောင်းအတွင်း ၌ အသုံးမပြုရသေးသည့် နာနတ်သီး လက်ပစ်ဗုံး ၁ လုံးနှင့် သံပုရာသီး လက်ပစ်ဗုံး ၁ လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကလေးများ ဆော့ကစားကြရာ က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကနဦး သတင်း သိရသည် ။

မြင့် လွင်
https://www.facebook.com/ktamyintlwin
ကသာမြို့ မီးရထား ဘူတာရုံအနီးတွင် လက်ပစ်ဗုံး ၂ လုံးတွေ့ရှိ ကသာမြို့ မီးရထား ဘူတာရုံအနီးတွင် လက်ပစ်ဗုံး ၂ လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.