ဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီထိန်းကြောင်းရေး နိုင်ငံတော်သမ္မတရုံးက ကျပ်သန်းပေါင်း (၆)ထောင် ကျော်သုံးစွဲခဲ့


မြန်မာနိုင်ငံထဲရှိ ဆိုရှယ်မီဒီယာတွေကနေ ဥပဒေချိုးဖောက်မှုတွေကို ဥပဒေနဲ့အညီ ထိန်းကျောင်းဖို့ အသစ်ထပ်မံဖွဲ့စည်းလိုက်တဲ့ ဆိုရှယ်မီဒီယာထိန်းကျောင်းရေးအဖွဲ့အတွက် နိုင်ငံတော်သမ္မတရုံးကနေ ကျပ်သန်းပေါင်း(၆)ထောင် ကျော်သုံးစွဲခဲ့တယ်လို့ မတ်လ(၁၉) ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

 ဆိုရှယ်မီဒီယာထိန်းကျောင်းရေးအဖွဲ့အတွက် သုံးစွဲခဲ့တဲ့ ငွေကျပ်သန်းပေါင်း(၆)ထောင်ကျော်ကို (၂၀၁၇)ခုနှစ် နိုင်ငံတော်သမ္မတရဲ့ အရေးပေါ် ရန်ပုံငွေကနေ သုံးစွဲခဲ့တာဖြစ်သလို ဆိုရှယ်မီဒီယာတွေကို ခေတ်နဲ့အညီ ထိန်းကျောင်းနိုင်ဖို့ နိုင်ငံတကာကနေ Soft Ware တွေ၊ နည်းပညာတွေဝယ်ယူရာမှာ အသုံးပြုခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

 ဒီလိုဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီထိန်းသိမ်းဖို့ဆောင်ရွက်ဖို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က IT နည်းပညာအသုံးပြုကာ နိုင်ငံအတွင်းမတည်ငြိမ်အောင် ဆောင်ရွက်နေသူတွေကို ဥပဒေနဲ့အညီအရေးယူနိုင်မယ့်၊ ဥပဒေနဲ့ အညီထိန်းသိမ်းနိုင်မယ့် နိုင်ငံတကာအဆင့်မှီ ဆိုင်ဘာအဖွဲ့အစည်း ဖွဲ့စည်းနိုင်ရေး အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

 (၂၀၁၇)ခုနှစ် နိုင်ငံတော်သမ္မတရဲ့အရေးပေါ်ရန်ပုံငွေထဲကနေ ဆိုရှယ်မီဒီယာထိန်းကျောင်းရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် အသုံးပြုခဲ့တဲ့ ငွေကျပ်သန်းပေါင်း(၆)ထောင်ကျော်ကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်အတည်ပြုပေးဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အဆိုတင်သွင်းလာမှုကို ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်တဲ့ကိုယ်စားလှယ် မရှိခဲ့တဲ့အတွက် မှတ်တမ်းတင်အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အစည်းအဝေးမှာ အတည်ပြုကြေညာခဲ့ပါတယ်။ ဒီသတင်းကို လွှတ်တော်ချန်နယ်က သိန်းကိုလွင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီထိန်းကြောင်းရေး နိုင်ငံတော်သမ္မတရုံးက ကျပ်သန်းပေါင်း (၆)ထောင် ကျော်သုံးစွဲခဲ့ ဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီထိန်းကြောင်းရေး နိုင်ငံတော်သမ္မတရုံးက ကျပ်သန်းပေါင်း (၆)ထောင် ကျော်သုံးစွဲခဲ့ Reviewed by THITHTOOLWIN on 22:51 Rating: 5
Powered by Blogger.