ရိုဟင်ဂျာပြသနာ ဒေသလုံခြုံရေးထိခိုက်ဟု မလေးရှားပြော


မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်း လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက် လာနိုင်တယ်လို့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေကို မလေးရှားဝန်ကြီးချုပ် Najib Razak က စနေနေ့က သတိပေးလိုက်ပါတယ်။

ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ သြစတေးလျ--အာဆီယံ အထူး ထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထိုင်နေတဲ့နေရာနဲ့ မီတာအနည်းငယ်ပဲ ကွာလှမ်းတဲ့ နေရာကနေ ပြောကြားတာဖြစ်ပြီး ဒါဟာ ပြည်တွင်းရေးပြဿနာတရပ်မဟုတ်တော့ဘူးလို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ကလူတွေဟာ အနာဂတ်မျှော်လင့်ချက်မရှိတော့ဘဲ ဒီနေရာဟာနောင်မှာ အစွန်းရောက်တွေပေါက်ဖွားရာနေရာနဲ့ IS အစ္စလမ္မစ်နိင်ငံနဲ့ သူ့လက်အောက်ခံအဖွဲ့တွေ လူသစ်စုဆောင်းရာ နေရာဖြစ်လာမယ်လို့ သတိပေးပါတယ်။

ဒီခေတ်သစ်မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ messages ဆိုတဲ့ တယောက်နဲ့တယောက် လက်ကိုင်ဖုန်းကနေ၊ အင်တာနက်ကနေ အကြောင်းကြားတာဟာ ထောက်လှမ်းရေးအဖွဲ့တွေအတွက် အကြီးမားဆုံး အန္တရာယ်ပါပဲလို့လည်း ဒီ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ သြစတေးလျနိုင်ငံကလည်း အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေကို သတိပေးလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာပြသနာ ဒေသလုံခြုံရေးထိခိုက်ဟု မလေးရှားပြော ရိုဟင်ဂျာပြသနာ ဒေသလုံခြုံရေးထိခိုက်ဟု မလေးရှားပြော Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.