ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆု ပြန်လည် ရုပ်သိမ်း


ဒုတိယ -ကမ္ဘာစစ်ကာလက ဂျူးလူမျိုး သန်းပေါင်းများစွာ နာဇီ ဂျာမန်တို့လက်ချက်နဲ့ အသတ်ခံခဲ့ရတာကို အမှတ်ရကြဖို့ ရည်ရွယ်ဖွင့်လှစ်ထားတဲ့ အမေရိကန် ဝါရှင်တန်မြို့တော်က ကမ္ဘာကျော် ဟိုလိုကော့စ် ပြတိုက်ကြီးက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင်ဆုကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ နယူးယော့ခ်တိုင်းမ်စ် သတင်းစာကြီးက ဒီနေ့ ရေ;သားထားပါတယ်.။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူမျိုးတုန်းရှင်းလင်းရေး လုပ်နေတဲ့ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က မဟန့်တားယုံသာမက ဖြစ်ပျက်ခဲ့တယ်လို့တောင် စကားထဲ ထည့်သွင်းပြောကြားတာ မရှိတဲ့အတွက်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းကြားစာကို ဝါရှင်တန်မြို့တော်က မြန်မာသံရုံးကို ဒီနေ့ ပေးအပ်လိုက်တယ်လို့လဲ သတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆု ပြန်လည် ရုပ်သိမ်း ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆု ပြန်လည် ရုပ်သိမ်း Reviewed by THITHTOOLWIN on 22:19 Rating: 5
Powered by Blogger.