အခွင့်အရေး လက်လွတ်မခံဖို့  ကိုရီးယားနှစ်နိုင်ငံကို တရုတ် တိုက်တွန်း


တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံတို့ရဲ့ သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲကျင်းပဖို့ သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက သတိထားပြီး ကြိုဆိုလိုက်ပြီး ကိုရီးယားနှစ်နိင်ငံတို့အနေနဲ့ ရရှိလာတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ ကိုရီးယားကျွန်းဆွယ်မှာ အနုမြူဖျက်သိမ်းနိုင်ရေးရရှိအောင် အားထုတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲကို နှစ်နိုင်ငံနယ်ခြား စစ်မဲ့ဇုန်မှာ လာမယ့် ဧပြီလ ပြုလုပ်ဖို့ သဘောတူထားပါတယ်။ တဆက်တည်းမှာပဲ မြောက်ကိုရီးယားအနေနဲ့လည်း အနုမြူထိပ်ဖူးတပ် မစ်ဆိုင်းဒုံးပျံ ပစ်လွှတ်တာတွေနဲ့ လူအများအစုပြုံလိုက်သေစေနိုင်တဲ့ လက်နက်များ စမ်းသပ်တာတွေကို ရပ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်၊ ဒီလိုဆောင်ရွက်ဖို့အတွက် အမေရိကန်က မြောက်ကိုရီးယားကို တိုက်ခိုက်လာတာမျိုး၊ မြောက်ကိုရီးယား အစိုးရပြုတ်ကျအောင် ကြိုးစားတာမျိုးတွေ မလုပ်ဘူးဆိုတဲ့ အာမခံချက်မျိုးရှိရမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ကတော့ ကိုရီးယားကျွန်းဆွယ်က အရေးနဲ့ပတ်သက်ပြီး သူကြားဝင် ဆောင်ရွက်ပေးနေတာတွေကို ဆုံးခန်းတိုင်အောင ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အခွင့်အရေး လက်လွတ်မခံဖို့  ကိုရီးယားနှစ်နိုင်ငံကို တရုတ် တိုက်တွန်း အခွင့်အရေး လက်လွတ်မခံဖို့  ကိုရီးယားနှစ်နိုင်ငံကို တရုတ် တိုက်တွန်း Reviewed by THITHTOOLWIN on 22:43 Rating: 5
Powered by Blogger.