ကာမအားတိုးဆေးသောက်ပြီး ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းမှုကျူးလွန်သူကို ဖမ်းဆီးရမိ

ပန်းလှိုင်ဘူတာနှင့် ကြည့်မြင်တိုင်ဘူတာကြား မြို့ပတ်ရထားလမ်းဘေးတွင် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၁) လအတွင်းဖော်ထုတ် ဖမ်းဆီးရမိ
ရန်ကုန်၊ မတ် ၎

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်ဘူတာနှင့် ကြည့်မြင်တိုင်ဘူတာကြား မြို့ပတ်ရထား လမ်းဘေးတွင် အရွယ်မရောက်သေးသည့် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သားမယားအဖြစ် ပြု ကျင့်သည့် ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၁)လအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၂.၂.၂၀၁၈ ရက်နေ့ ၂၀၀၀ အချိန်ခန့်က ပန်းလှိုင်ဘူတာတွင် ကျဘမ်းလုပ်ကိုင်နေသူ မ ----------သည် ဟုန်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်ဘူတာ ဂုံးတံတားအောက်စင်္ကြန်တွင် ၄င်း၏ သားသမီး ၃ ဦးအား အိပ်ယာဝင်စေခဲ့ပြီး ၄င်းနှင့် ခင်ပွန်းဖြစ်သူမှာ အပြင်သို့ သွားရောက်ရာမှ ၃.၂.၂၀၁၈ ရက်နေ့ နံနက် ၀၃၀၀ အချိန် ပြန်လာခဲ့ရာ သမီးဖြစ်သူ ၄ နှစ် အရွယ်ရှိ မ ------ မှာ ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် လိုက်လံရှာဖွေရာ ကြည့်မြင်တိုင်ဘူတာဘက်မှ ပန်းလှိုင်ဘူတာဘက်သို့ သံလမ်းအတိုင်း မိန်းကလေးငယ်တစ်ဦးမှာ ဒဏ်ရာများဖြင့် လမ်းလျှောက်လာသည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှတွေ့ရှိ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်းသိရသဖြင့် ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူ မ ---- မှာ ဦးခေါင်းတွင်ဒဏ်ရာ ရရှိသည့်အပြင် မိန်းမကိုယ်တွင်လည်း သွေးထွက်ဒဏ်ရာများ တွေ့ရှိရကြောင်း ၊ အမျိုးသားတစ်ဦးမှ ၄င်း၏သမီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ထားကြောင်း သိရသဖြင့်
စမ်းချောင်းမြို့မ ရဲစခန်းသို့တိုင်တန်းခဲ့ရာ (ပ) ၄၆ / ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ / ၃၂၅ ဖြင့် စုံစမ်းစစ်ဆေးခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းအကူဌာနစု၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုနှင့် စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောအထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်း၍ ရဲတပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ်သတင်းစုံစမ်း ထောက်လှမ်းခဲ့ရာ ပြုကျင့်ခံရသူ မိန်းကလေး၏ မိဘများနှင့် ရင်းနှီးသူ ကိုကိုနိုင် (ခ) ကိုနိုင်
(ခ) နိုင်ကြီး ဆိုသူအား မသင်္ကာကြောင်း စုံစမ်းရရှိသဖြင့် ၄င်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ (၂.၃.၂၀၁၈) မတ်လ ၂ ရက်နေ့ ညနေ ၁၅၃၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ ဘုရားလမ်းဘူတာတွင် ညအိပ်နေထိုင်သူ ကိုကိုနိုင် (ခ) ကိုနိုင်(ခ) နိုင်ကြီးအား ဘုရားလမ်းဘူတာ၌ ဖမ်းဆီးရမိပြီး ၄င်းထံမှ Caverta အမျိုးအစား ကာမအားတိုးဆေး ၄ လုံးပါ ၁ ကတ်၊ ၁ ကတ် လျင် ဆေး ၄ လုံးပါရှိသည့် Dr x 100 စာတမ်းပါ အပြာရောင် ကာမအားတိုးဆေး ၃ လုံး၊ ကာမစပ်ယှက် ရာတွင် အချိန်ကြာမြင့်စေရန် လိင်တံအား လိမ်းရသည့် ပန်းရောင်နှင့်အဝါရောင် လိမ်းဆေးတောင့် ၃တောင့်တို့ကို MAXMAN စာတမ်းပါ သံဗူးအတွင်း ထည့်လျက် တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ကိုကိုနိုင် (ခ) ကိုနိုင် (ခ) နိုင်ကြီးအား စစ်ဆေးရာ ပြုကျင့်ခံရ သူ မ ----- ၏ ဖခင်နှင့် ရင်းနှီးသဖြင့် မကြာခဏ အရက်အတူသောက်စားလေ့ရှိကြောင်း ၊ အခင်းဖြစ်နေ့ ၂.၂.၂၀၁၈ ရက်နေ့ည ၂၀၃၀ အချိန်တွင် ဘုရားလမ်းဘူတာမှ ပန်းလှိုင်ဘူတာသို့ရောက်ရှိခဲ့ပြီး မ --- တို့နေထိုင်ရာ ပန်းလှိုင်ဘူတာ ဂုံးတံတားတွင် ကာမအားတိုးဆေးနှင့် အရက်တို့ကို သောက်ခဲ့ကြောင်း၊ ၄င်းနောက် ကြည့်မြင်တိုင် ဘူတာသို့လမ်းလျှောက် သွားခဲ့ပြီး ၃.၂.၂၀၁၈ရက်နေ့ နံနက် ၀၁၀၀ နာရီကျော်အချိန်ခန့်တွင် ပန်းလှိုင်ဘူတာသို့ ပြန်လာကာ မ --- တို့နေထိုင်သည့် ပန်းလှိုင်ဘူတာ ဂုံးတံတားအောက်၌ လူကြီးများမရှိဘဲ ကလေးငယ်သုံးဦး အိပ်ပျော်နေသည်ကို တွေ့ရှိရသဖြင့် အစွန်ဆုံးတွင် အိပ်ပျော်နေသော မိန်းကလေးငယ်အား ပွေ့ချီလာစဉ် မိန်းကလေးမှ အော်ဟစ် သဖြင့် ပါးစပ်ကိုလက်ဖြင့်ပိတ်ကာ ရထားသံလမ်းအတိုင်း ကြည့်မြင်တိုင်ဘူတာဘက်သို့ ခေါ်ဆောင်လာကြောင်း ၊ ခတ္တာဂုံးကျော် တံတားအနီး အရောက်တွင် မိန်းကလေးငယ်အား အုတ်တံတိုင်းဘေးသို့ ခေါ်ဆောင်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ထွက်ပြေးခဲ့ကြောင်းသိရသည်။

ပြစ်မှုကျုးလွန်သူမှာ ၂၀၀၉ ခုနှစ်က ကြည့်မြင်တိုင်မီးရထား ဘူတာရုံတွင် အရက်မူးဆဲဆိုခဲ့သဖြင့် ရန်ကုန် ရဲအက်ပုဒ်မ ၄၁ ဖြင့် ထောင် ၇ ရက်ကျ ဖူးကြောင်း၊ ၂၀၀၁ ခုနှစ်တွင် လှည်းကူးမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၂၄ နှင့် လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် ထောင်ဒဏ် ၁ နှစ်ကျခံဖူးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အရွယ်မရောက်သေးသည့် ၄ နှစ်အရွယ် မိန်းကလေးအား သားမယား အဖြစ် အဓမ္မပြုကျင့်သူ ကိုကိုနိုင် (ခ)ကိုနိုင် (ခ)နိုင်ကြီးအား ထိရောက်ပြစ်ဒဏ်ရရှိရေးအတွက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ကာမအားတိုးဆေးသောက်ပြီး ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းမှုကျူးလွန်သူကို ဖမ်းဆီးရမိ ကာမအားတိုးဆေးသောက်ပြီး ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းမှုကျူးလွန်သူကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 07:33 Rating: 5
Powered by Blogger.