နောက်ဆုံးအဆင့် ကုသမှု အိန္ဒိယမှာ ငြင်းဆိုခွင့်ရပြီ


သေနိုင်လောက်အောင် နာမကျန်းဖြစ်နေတဲ့ လူနာတွေအနေနဲ့ ဆေးဝါးနဲ့ အသက်ဆက်တဲ့အနေနဲ့ ကုသပြုစုတာကို ငြင်းပယ်နိုင်ခွင့် သုံးနိုင်တယ်လို့ living wills ဆိုတဲ့ အသက်ရှင်ဆဲသေတမ်းစာမျိုးကို အိန္ဒိယ တရားရုံးချုပ်က မနေ့က ခွင့်ြ့ပုလိုက်ပါတယ်။

ဒီအမိန့်ကို အသနားခံသူတွေက သမိုင်းဝင် အမိန့်အဖြစ် ကြိုဆိုလိုက်ပါတယ်။ သဘောကတော့ လူတစ်ယောက် မြန်မြန်ဆန်ဆန် အသက်ထွက်နိုင်အောင် ဆေးဝါးဆက်မကုသတော့တာပဲ ဖြစ်ပါတယ်။

စကားပြောဆိုဆက်ဆံလို့လည်း မရတော့ရင် လူနာရဲ့ သဘောဆန္ဒနဲ့အညီ အသက်ဆက်ဆေး မပေးရင်ရသွားပါတယ်။

လူတစ်ယောက်ဟာ သူဟာ အသက်မရှင်နိုင်တော့တဲ့ ဝေဒနာရှင်ဖြစ်လာရင် ဒါမှမဟုတ် သတိမေ့မျောနေရင် ဘယ်လိုကုသဆောင်ရွက်ပေးစေချင်သလဲဆိုတာ တရားဝင်စာရွက် စာတမ်း လုပ်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နောက်ဆုံးအဆင့် ကုသမှု အိန္ဒိယမှာ ငြင်းဆိုခွင့်ရပြီ နောက်ဆုံးအဆင့် ကုသမှု အိန္ဒိယမှာ ငြင်းဆိုခွင့်ရပြီ Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.