နူကလီယာလက်နက်သစ် ပူတင် ကြေညာ


ရုရှားသမတ ဗလာဒီမီယာ ပူတင်က သူတို့နိုင်ငံမှာ အသံထက်မြန်စွာပျံသန်းနိုင်တဲ့ နူကလီယာလက်နက် သစ်ကို ပိုင်ဆိုင်ထားကြောင်းနဲ့ အဲဒီ လက်နက်သစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဒုံးပျံကာကွယ်ရေးစံနစ်ကို ဖေါက်ထွင်းဝင်ရောက်ကာ ကမ္ဘာအနှံ့အပြားက မည်သည့်ဒေသကို မဆို ပစ်ခတ်နိုင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်ကာကွယ်ရေးဌာနချုပ် ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူတဦးက ရုရှားသမတ ပူတင်ရဲ့ အခုလို ပြောစကားကို အံသြခြင်းမရှိပါဖူး၊ မိမိတို့ကလည်း အဆင့်သင့်ပါပဲ၊ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ စိတ်ချလက်ချနေထိုင်ပါလို့ ပြောပါတယ်။

ဒါပေမယ့် ရုရှားလို နိုင်ငံတခုက နူကလီယာ လက်နက် အများအပြားနဲ့ တပြိုင်နက်ပစ်လွတ်တိုက်ခိုက်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲဒီဒုံးပျံအားလုံးကို ကာကွယ်နိုင်မှာ မဟုတ်ပဲ အပြန်အလှန်တိုက်ခိုက်မှုကြောင့် နှစ်ဦးနှစ်ဖက်လုံးက နိုင်ငံတွေပျက်စီးကြမှာပဲလို့ ဝေဖန်သူတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နူကလီယာလက်နက်သစ် ပူတင် ကြေညာ နူကလီယာလက်နက်သစ် ပူတင် ကြေညာ Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.