အထက်မင်းလှ ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် ဘင်္ဂါလီခုနစ်ဦး ဖမ်းဆီးရမိ


အထက်မင်းလှ မတ် ၇

မကွေးတိုင်းဒေသကြီး အထက် မင်းလှမြို့နယ် ပုသိမ်-မုံရွာကား လမ်းမပေါ်ရှိ မိုင်တိုင်အမှတ်(၂၅၂/ ၆)အနီး မတ်လ ၆ ရက်နေ့ ယမန်နေ့နံနက် ၅ နာရီ တွင် Toyota Alphard အဖြူရောင် ယာဉ်တစ်စီးအား မင်းလှမြို့နယ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာမှ ဘင်္ဂါလီ ခုနစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
''ပုသိမ်-မုံရွာ ကားလမ်းမ ပေါ်ရှိ ဘန့်ပြင်ကျေးရွာနှင့် ချင်း ကုန်းကျေးရွာလမ်းပေါက်တို့တွင် ယာဉ်အဝင်အထွက်နဲ့ လူအသွား အလာများ ပိတ်ဆို့ရှာဖွေစစ်ဆေးမှု ကို ကြိုတင်ပြုလုပ်ခဲ့ပါတယ်''ဟု ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်မျိုး မင်းထွန်းကပြောသည်။3D/...... အဖြူရောင်Toyota Alphard တစ်စီးကို ရပ်တန့်စစ်ဆေးရာမှ ဘင်္ဂါလီ ခုနစ်ဦးတွေ့ရှိဖမ်းဆီးမိပါ တယ်''ဟု ၄င်းကဆက်၍ပြော သည်။

အဆိုပါ ဘင်္ဂါလီ ခုနစ်ဦးကို သယ်ဆောင်လာသည့် အဖြူရောင်Toyota Alphard ယာဉ်မောင်း ဖြစ်သူ တောင်ဒဂုံမြို့နယ်နေသူ စိုး မင်းထွေးက တစ်ဦးလျှင်ငွေကျပ် ၂၅ဝဝဝဝ နှုန်းထားဖြင့် သယ် ဆောင်လာခြင်းဖြစ်ကြောင်း၊ အဆို ပါဘင်္ဂါလီများက ရန်ကုန်သို့သွား ရောက်အလုပ်လုပ်ကြရန် တော လမ်းအတိုင်း ရက်ပေါင်း ၂ဝခရီး နှင်ခဲ့ကြကြောင်း၊ ပုသိမ်-မုံရွာ လမ်းမပေါ်အရောက်တွင် စိုးမင်း ထွေး၏မော်တော်ယာဉ်နှင့် ရန်ကုန် သို့ ခရီးဆက်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါဘင်္ဂါလီခုနစ်ဦးအား မင်းလှ မြို့နယ်လဝကနှင့်ပူးပေါင်း၍ မှတ် ပုံတင်အက်ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်မောင်း စိုးမင်းထွေးနှင့် ယာဉ် နောက်လိုက်မောင်မောင်ကျော်တို့ အား ရေနံမရဲစခန်း(ပ)၁၁/၂ဝ၁၈၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုရေးဖွင့်လျက် ဒုရဲအုပ်အောင် လှိုင်ဝင်းက စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရေနံမနယ်မြေရဲစခန်းတွင် ယခု လ ၁ရက်ကလည်း ရန်ကုန်သို့ အလုပ်လုပ်ရန် သွားရောက်မည် ဆိုသည့် ရခိုင်ပြည်နယ်မှ တော လမ်းအတိုင်း ခြေကျင်လျှောက် လာကြသော ဘင်္ဂါလီ ငါးဦးကို လည်း ပုသိမ်-မုံရွာလမ်းမပေါ် တွင် ဖမ်းဆီးရမိခဲ့ပြီး မင်းလှ မြို့နယ် တရားရုံးပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၆ဝ/၂ဝ၁၈၊ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံ တင်ရေးအက်ဥပဒေပုဒ်မ-၆(၂)၊ ၆(၃)ဖြင့် ယခုလ ၅ရက်က အမှု လက်ခံစစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မောင်သိမ်မွေ့(အထက်မင်းလှ)
The Union Daily
https://www.facebook.com/uniondaily.net
အထက်မင်းလှ ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် ဘင်္ဂါလီခုနစ်ဦး ဖမ်းဆီးရမိ အထက်မင်းလှ ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် ဘင်္ဂါလီခုနစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.