လင်မယားချင်းစကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူမှ ဓားဖြင့်ထိုး၍ ဇနီးဖြစ်သူတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သားဖြစ်သူကလေးငယ်(၂)ဦးသေဆုံး

သားဖြစ်သူကလေးငယ်(၂)ဦးသေဆုံး
၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက် ၃ နာရီအချိန် ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်(၂) ရပ်ကွက်နေ ဝင်းအောင်(ခ)အားခွမ်း(၃၂)နှစ်သည် ဇနီးဖြစ်သူ မဟွာဒီး(၂၄)နှစ်အား အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု စွပ်စွဲပြောဆို၍ လင်မယားချင်း စကားများရန်ဖြစ်ခဲ့စဉ် ခင်ပွန်းဖြစ်သူမှ ဓားဖြင့်ထိုး၍ ဇနီးဖြစ်သူတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သားဖြစ်သူကလေးငယ်(၂)ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

 ဝင်းအောင်(ခ)အားခွမ်း မှ သားဖြစ်သူ အောင်နိုင်(၄)နှစ်နှင့် အောင်ထူး(၄)နှစ်(အမြွှာ)(၂)ဦးနှင့်အတူ မူဆယ်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်နေထိုင်မည်ဟု ပြောဆိုခေါ်ဆောင်စဉ် မဟွာဒီးမှ ကလေး(၂)ဦးအား ထည့်မပေးဘဲ အတင်းခေါ်ဆောင်ထားသောကြောင့် ဝင်းအောင်(ခ)အားခွမ်းမှ အရိုးအသွား(၇)လက်မခန့်ရှိ ဓားမြှောင်ဖြင့် ထိုးခဲ့၍ ကလေးငယ်(၂)ဦးတွင် ထိုးသွင်းဒဏ်ရာများရရှိသေဆုံးခဲ့ပြီး မဟွာဒီး တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဝင်းအောင်(ခ)အားခွမ်းအား နမ္မတူမြို့မရဲစခန်း(ပ) ၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အရေးယူထားကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပါသည်။

သစ်ထူးလွင်
လင်မယားချင်းစကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူမှ ဓားဖြင့်ထိုး၍ ဇနီးဖြစ်သူတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သားဖြစ်သူကလေးငယ်(၂)ဦးသေဆုံး လင်မယားချင်းစကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူမှ ဓားဖြင့်ထိုး၍ ဇနီးဖြစ်သူတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သားဖြစ်သူကလေးငယ်(၂)ဦးသေဆုံး Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.