ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်သူတွေ ဖိအားပေး ခြိမ်းခြောက်ခံရ

စီမံကိန်းကို ကန့်ကွက်ကြောင်း စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံထားရတာကို တွေ့ရစဉ်။ ဓါတ်ပုံ - ကိုဒီးဒီး
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်က ၀ါသောခူကျေးရွာအုပ်စုအနီးမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံစီမံကိန်း နဲ့ ထုံးကျောက်တူးဖော်ရေးလုပ်ငန်းကို ကန့်ကွက်နေသူတွေ ဖိအားပေး ခြိမ်းခြောက်ခံရတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ကွက်မှုတွေ ဆက်မလုပ်ဖို့ဆိုပြီး လက်နက်ကိုင်တချို့က ခေါ်ပြောတာ ဖိအားပေးခြိမ်းခြောက်တာတွေ ရှိတယ်လို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဒီဒီး က ပြောပါတယ်။

"ဖိအားပေးခံရတာတော့ရှိတာပေါ့၊ အထူးသဖြင့် အဲဒေသမှာရှိတဲ့ လက်နက်ကိုင်အချို့နဲ့ ဆက်စပ်တဲ့လူတွေ၊ နောက်လက်နက်ကိုင်တဲ့လူတစ်ချို့ကနေမှ ဖိအားပေးတာတွေရှိတယ်၊ ခြိမ်းခြောက်တာတွေရောရှိတယ်ပေါ့၊ ဒီအရပ်ဖက်ထဲကဆိုရင် အိမ်တောင်ပြန်မအိပ်ရဲတဲ့ လူတွေတောင်ရှိတယ်၊ ဒေသခံကိုလည်း ခေါ်ပြီးတော့ ပြောတာတွေပေါ့နော်၊ ခြိမ်းခြောက်တယ်ပဲ ပြောရမှာပေါ့နော်၊ ဆက်မလုပ်ဖို့တို့ ဘာညာ ခြိမ်းခြောက်တာတွေ ရှိနေတယ်"

ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဖွဲ့နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဒါ့အပြင် စီမံကိန်းကို ကန့်ကွက်ကြောင်း စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ကုမ္ပဏီဘက်က ပွင့်လင်းမြင်သာမှုမရှိသလို စီမံကိန်း အကောင်အထည်ဖော်တဲ့အခါ ရေအရင်းအမြစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှာကို စိုးရိမ်တာကြောင့် ကန့်ကွက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစီမံကိန်းကို ကန့်ကွက်တဲ့ လက်မှတ်ပေါင်း ၇ ထောင် နီးပါးရရှိထားပြီး အဲဒီလက်မှတ်တွေနဲ့အတူ ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ ပေးပို့သွားဖို့စီစဉ်ထားတယ်လို့ ကိုဒီဒီး က ပြောပါတယ်။

Square Power Group ကုမ္ပဏီက တစ်ရက်ကို ဘိလပ်မြေအိတ် ၈ သောင်း လောက် ထွက်ရှိမယ့် စီမံကိန်းကို အကောင်အထည်ဖော်မှာဖြစ်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီစီမံကိန်းတွေကို ကရင်နီပြည်လူငယ်များသမဂ္ဂ၊ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအပါအ၀င် ဒေသ အခြေစိုက် အရပ်ဖက်အဖွဲ့ ၄ ဖွဲ့နဲ့ ဒေသခံတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်သူတွေ ဖိအားပေး ခြိမ်းခြောက်ခံရ ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်သူတွေ ဖိအားပေး ခြိမ်းခြောက်ခံရ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.