နယ်စပ်မျဉ်းအနီး လုံခြုံရေး တိုးမြှင့်ချထား

နယ်စပ်ခြံစည်းရိုးအနီးမှာ ကင်းစောင့်နေတဲ့ နယ်ခြားစောင့်ရဲတစ်ဦးကို တွေ့ရစဉ်/ Photo: RFA
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ခြံစည်းရိုးတလျှောက်မှာ ARSA အကြမ်းဖက်အဖွဲ့တွေရှိနေတဲ့ အတွက် မြန်မာဘက်က လုံခြုံရေးတိုးမြှင့် ချထားတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်အနီး တပ်ကအင်အားတိုးမြှင့်ချထားတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

အခုလို လုံခြုံရေးတိုးမြှင့်ချထားတဲ့အတွက် မနေ့က ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး မေးရာမှာ နိုင်ငံရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမှာ ဗုံးတွေပေါက်ပါတယ်၊ နောက်ဒီနယ်နိမိတ်မျဉ်းကြောင်းထဲမှာ ရှိနေတဲ့လူတွေကြားထဲမှာ ARSA အကြမ်းဖက်သမားတွေလည်း ရောနှောနေထိုင်နေတယ်ဆိုတာ သိပါတယ်၊ ဒီသတင်းအရ ကျွန်တော်တို့က လုံခြုံရေးအင်အားကို ပြပြီးတော့လုပ်တာပါ၊ ဒါကိုလည်းဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကို ပြန်လည်ပြောကြားပြီးဖြစ်ပါတယ်"

အဲဒီအနားတ၀ိုက်မှာလည်း တဖက်နိုင်ငံဖက်ကို သွားကြမယ့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေလည်း ယာယီတဲတွေဆောက်ပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်လာမယ့်သူတွေကို စစ်ဆေးရမယ့် မြန်မာအဖွဲ့ ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက်လည်း လုံခြုံရေးလိုအပ်တဲ့အတွက် တိုးမြှင့်ချထားတာလို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
နယ်စပ်မျဉ်းအနီး လုံခြုံရေး တိုးမြှင့်ချထား နယ်စပ်မျဉ်းအနီး လုံခြုံရေး တိုးမြှင့်ချထား Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.