ပါကစ္စတန် တာလီဘန်စစ်သွေးကြွခေါင်းဆောင်ကို ဒေါ်လာ ၅ သန်း ဆုငွေထုတ်


ပါကစ္စတန်အခြေစိုက် တာလီဘန်စစ်သွေးကြွခေါင်းဆောင် မူလာဖက်လူလာ (Mullah Fezlullah) ကို ဖမ်းဆီးရမိရေးအတွက် သတင်းပေးနိုင်သူကို ဒေါ်လာငွေ ၅ သန်း ချီးမြှင့်ဖို့ အမေရိကန်အစိုးရက ဆုငွေထုတ်လိုက်ပါတယ်။

ဒါ့ပြင် ပါကစ္စတန် တာလီဘန်ခေါင်းဆောင် နောက်တစ်ဦးဖြစ်သူ အဗ္ဗဒူ ဝါလီ (Abdul Wali) နဲ့ နေတိုးတပ်ဖွဲ့ယာဉ်တန်းတွေကို တိုက်ခိုက်နေတဲ့ ပါကစ္စတန်စစ်သွေးကြွခေါင်းဆောင် မန်ဂေါဘာ့ (Mangal Bagh) တို့ကို ဖမ်းဆီးနိုင်ရေးအတွက် သတင်းအချက်အလက်ပေးနိုင်သူကို ဒေါ်လာငွေ ၃ သန်းစီပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

လောလောဆယ်မှာတော့ ပါကစ္စတန်နဲ့ အမေရိကန် အစိုးရတို့အကြား ဆက်ဆံရေးဆိုးရွားနေပြီး၊ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဝါရှင်တန်ဒီစီမြို့တော်ကို သွားရောက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ဆွေးနွေးဖို့ စီစဉ်နေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ပါကစ္စတန် တာလီဘန်စစ်သွေးကြွခေါင်းဆောင်ကို ဒေါ်လာ ၅ သန်း ဆုငွေထုတ် ပါကစ္စတန် တာလီဘန်စစ်သွေးကြွခေါင်းဆောင်ကို ဒေါ်လာ ၅ သန်း ဆုငွေထုတ် Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.