ဖားကန့်၌ မြေစာပုံပြိုကျ၍ လူလေးဦးသေဆုံး မြေသယ်ယာဉ်နှစ်စီး မြေစာဖုံးအုပ်


ဖားကန့် မတ် ၁၇

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာအုပ်စုအတွင်း နိုင်ငံတော်နှင့် အကျိုးတူကျောက် မျက်တူးဖော်ရေးလုပ်ငန်း ဆောင် ရွက်လျက်ရှိသည့် ကျောက်စိမ်း တောင် ကုမ္ပဏီလုပ်ကွက်အတွင်း ယနေ့ နံနက် ၁နာရီခွဲတွင် ကုမ္ပဏီ ရှိ မြေသယ်ယာဉ်နှစ်စီးမှ မြေစာ များ လာရောက်စွန့်ပစ်စဉ်အမြင့် ပေ ၁၅ဝ ခန့်ရှိ မြေစာပုံမှာ ရုတ်တ ရက် ပြိုကျခဲ့ပြီး ကုမ္ပဏီမှ KOMATSU-325 နှင့် KOMATSU-465 မြေသယ်ယာဉ် နှစ်စီးတို့မှာ မြေစာပုံပြိုကျရာသို့ ပါသွားပြီး ယာဉ်မောင်းနှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

အဆိုပါ မြေစာပုံပြိုကျရာသို့ ဖားကန့်မြို့တွင်း လုံခြုံရေးဆောင် ရွက်လျက်ရှိသည့် အမှတ်(၃ဝ)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးကြီး သိန်းနွယ်လှိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ ဗိုလ်ကြီး ကျော်မျိုးဦး ဦးစီးသည့် တပ်မတော်သားများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းသို့ ဘတ်ဟိုးယာဉ်ငါးစီးဖြင့် ဖယ်ရှားရှင်းလင်းရာတွင် မြေစာပြိုကျရာ၌ လှရင်ပု (၂၁နှစ်)၊ မင်းဇော်ထူး (၂၁နှစ်)၊ ဇင်မင်း ဦး(၂၅နှစ်)နှင့်မျိုးဦး(၂၅နှစ်) တို့လေးဦး မြေစာဖုံးအုပ် ပျောက် ဆုံးလျက်ရှိကြောင်းနှင့် ရှာဖွေရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)
The Union Daily
https://www.facebook.com/uniondaily.net
ဖားကန့်၌ မြေစာပုံပြိုကျ၍ လူလေးဦးသေဆုံး မြေသယ်ယာဉ်နှစ်စီး မြေစာဖုံးအုပ် ဖားကန့်၌ မြေစာပုံပြိုကျ၍ လူလေးဦးသေဆုံး မြေသယ်ယာဉ်နှစ်စီး မြေစာဖုံးအုပ် Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.