မောင်တောတွင် စိတ်ကြွဆေးပြား တစ်သန်းကျော် ပိုင်ရှင်မဲ့ဖမ်းမိ


နိရဉ္စရာ၊ မတ်လ ၈

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျပ် ၂ ဒဿမ ၆၃ ဘီလီယံဖိုးရှိ ယာဘားစိတ်ကြွဆေးပြား (၁၃) သိန်းကျော်ကို မတ်လ ၇ ရက်နေ့က ဖမ်းမိကြောင်း မူးယစ်တပ်ဖွဲ့၏ သတင်များ အရ သိရသည်။

နိရဉ္စရာ သတင်းဌာနမှ မောင်တောမူးယစ်တပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ဒုရဲအုပ်သိန်းဝင်းသူမှ စုစုပေါင်း ယာဘားစိတ်ကြွဆေး ပြား ၁၃၁၆၂၅၀ ကို ဖမ်းဆီးရမိကြောင်း၊ ဆေးပြားတစ်ပြား ၂၀၀၀ နှုန်းနှင့် တွက်ကြည့်လျှင် တန်ဖိုးကို သိရမည် ဖြစ်ကြောင်း၊ လက်ရှိ ကာလပေါက်ဈေးနှင့် ဆိုလျှင် ကျပ် ၂ ဒသမ ၆၃ ဘီလီယံခန့်ဖိုးရှိကြောင်း ပြောကြားသည်။

မတ်လ ၇ ရက်နေ့က မောင်တောမြို့နယ် စေတီပြင်ကျေးရွာတွင် နေထိုင်သူ ဘင်္ဂလီလူမျိုး ဆွေဒူလာမိန်(ခ)မော်ဂူလာ၏ နေအိမ်အား သတင်းအရ ၀င်ရောက် ရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ လူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးရမိခြင်း မရှိကြောင်း ပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်ပြီး မူးယစ်တပ်ဖွဲ့မှ ရဲအုပ် အောင်ကျော်စိုးအား ဆက်သွယ်ရာတွင်လည်း ကွင်းဆက်များကို ဆက်လက် ရှာဖွေ ဖော်ထုတ်နေတုန်းဖြစ်၍ ဆေးပြားများ လာရာလမ်းကြောင်း၊ ပါဝင်ပတ်သက်သူများ၏ အမည်များ အပါအ၀င် အသေးစိတ်အချက်အလက်များကို မနက်ဖြန်မှ မေးမြန်းရန် ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
မောင်တောတွင် စိတ်ကြွဆေးပြား တစ်သန်းကျော် ပိုင်ရှင်မဲ့ဖမ်းမိ မောင်တောတွင် စိတ်ကြွဆေးပြား တစ်သန်းကျော် ပိုင်ရှင်မဲ့ဖမ်းမိ Reviewed by THITHTOOLWIN on 08:07 Rating: 5
Powered by Blogger.