မြန်မာအစိုးရကို မကောင်းဆိုးဝါးလို့ ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီး ပြော


မြန်မာအစိုးရကို မကောင်းဆိုးဝါးအဖြစ် ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီး အဘူလ် မော် အဗ္ဗ်ဒူလ် မူဟစ် က ပြစ်တင်ရှုတ်ချလိုက်ပြီး၊ သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လက်ခံနိုင်မှာလည်း မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို ပြန်ပို့နိုင်မယ်လို့ သူ့အနေနဲ့ မယုံကြည်တဲ့အကြောင်း ဟိန္ဒိုစီးပွားရေးအွန်လိုင်းသတင်းဌာနကို ပြောလိုက်တာပါ။ မြန်မာအစိုးရဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဂရုမစိုက်တဲ့အစိုးရဖြစ်သလို၊ မကောင်းဆိုးဝါးတွေဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် သူတို့ကတော့ သံတမန်ရေးအားမနည်းသလို၊ နိုင်ငံတကာက ထောက်ခံနေတဲ့အကြောင်းနဲ့ မြန်မာကို မယုံရတဲ့အကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်တွေက နှစ်နိုင်ငံနယ်စပ်အနားမှာ မြန်မာ့တပ်မတော်က လုံခြုံရေးအဖွဲ့တွေ တိုးချခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ သူ့သဘောထားတွေမေးတဲ့အခါမှာ အဲဒီ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးက အခုလို မှတ်ချက်ပေးပြောဆိုလိုက်တာလို့ သိရပါတယ်။

ရိုဟင်ဂျာတွေကို အနည်းအကျင်းလောက်ပဲ မြန်မာအစိုးရက ပြန်လက်ခံမှာဖြစ်ပြီး၊ ဒုက္ခသည်တွေကလည်း အကြောက်တရားတွေရှိနေသမျှ ဘယ်တော့မှ ပြန်မှာမဟုတ်တော့ဘူးလို့ သူကပြောလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာအစိုးရကို မကောင်းဆိုးဝါးလို့ ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီး ပြော မြန်မာအစိုးရကို မကောင်းဆိုးဝါးလို့ ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီး ပြော Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.