မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ သာသနာ့ရံသီဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား


မြစ်ကြီးနား - မတ် ၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ(၆) အနော်ရထာလမ်းမကြီးရှိ သာသနာ့ရံသီဘုန်းတော်ကြီးကျောင်းတွင် မတ်၇ရက် ညနေ ၃နာရီ ၁၅မိနစ်က ဆွမ်းချက်ဆောင်အတွင်း လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရမ်ပူရပ်ကွက် နယ်မြေ(၆) အနော်ရထာလမ်းမကြီးရှိ သာသနာ့ရံသီဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဆွမ်းချက်ဆောင်တွင် လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲကာ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးကူးစက်လောင်ကျွမ်းရာ အလျှားပေ ၁၀၀၊အနံပေ ၄၀ ရှိ သွပ်မိုး၊အုတ်ညှပ်၊ပျဉ်ခင်း ဆွမ်းစားဆောင်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။


မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး၊အရံတပ်ဖွဲ့ဝင် ၁၅ ဦး၊မီးငြိမ်းသတ်ယာဉ် ၇စီး၊ရေသယ်ယာဉ် ၇ စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ ညနေ၃နာရီ ၅၀မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


မီးလောင်မှုဖြစ်စဉ်ကြောင့် သာသနာ့ရံသီဘုန်းတော်ကြီးကျောင်း ကပ္ပိယ ဦးဝင်းထိန်(၄၇)နှစ်အား အမှတ်(၂)ရဲစခန်းတွင် (ပ)၅၁/၂၀၁၈၊ပုဒ်မ ၂၈၅ ဖြင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ သာသနာ့ရံသီဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား မြစ်ကြီးနားမြို့  ရမ်ပူရပ်ကွက်ရှိ သာသနာ့ရံသီဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:50 Rating: 5
Powered by Blogger.