မြိတ်တွင် မြေသယ်ကားနှင့် ခရီးသယ်တင်ကား တိုက်မိ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ


မြိတ်မြို့၊ ရွှေဒူးကျေးရွာ၊ မြိတ်-တနင်္သာရီ ကားလမ်းမကြီးပေါ်တွင် မတ်လ ၈ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်က မြေသယ်ကားနှင့် ခရီးသယ်တင်ကား တိုက်မိတာကြောင့် ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း သိရပါတယ်။


မြိတ်မြို့ဘက် တနင်္သာရီမြို့နယ်ဘက်သို့ ယာဉ်မောင်း ဇော်မင်းထွန်း (၂၉)နှစ်၊ မောင်းနှင်လာတဲ့ ဖော်လန်အမျိုးအစား အဖြူရောင် မြေသယ်ယာဉ်သည် အရှိန်ပြင်းစွာဖြင့်မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၁/၅ အရောက် အရှိန်မထိန်းနိုင်ပဲ တစ်ဖက်ယာဉ်ကြောသို့ဝင်ရောက်ကာ တနင်္သာရီမြို့နယ်ဘက်မှ ယာဉ်မောင်း လှထွေး (၃၂)နှစ်၊ မောင်းနှင်လာတဲ့ ပရိုဘောက်အမျိုးအစား ခရီးသည်တင်ကားကို ဝင်တိုက်မိတာပါ။


ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ကားရှေ့ခန်းတွင် လိုက်ပါလာသူ ဒေါ်မမ(ခ) သစ်ရွက်(၅၅)နှစ်၊မှာ ဝဲဘက်မေးရိုးပေါက်ပြဲ၊တံတောင်ဆစ်ဖူးရောင်၊ဒူးခေါင်းဖူးရောင် ဒဏ်ရာနဲ့ အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးပြီး ကားနောက်ခန်းတွင် လိုက်ပါလာသူ ဒေါ်အင်မြိုင် (၇၀)နှစ်၊မှာ ဝဲမျက်ခုံးပေါက်ပြဲ ဂျိုစောင်းပေါက်ပြဲ ဒဏ်ရာ၊ မစုလတ်ဝင်း(၁၂)နှစ်၊တွင်ရင်ဘတ်အောင့်ဒဏ်ရာ ၊ မအေးအေးအောင်(၈)နှစ်၊တွင် ညာဘက်လက်ပြင် ပွန်းပဲ့ နာကျင်ဒဏ်ရာ၊ဒေါ်လှသင်း(၆၅)နှစ်၊တွင် ဝဲဘက်ပါး၊ နဖူး ပွန်းပဲ့ဒဏ်ရာ၊ ဒေါ်ဘုသီး(၆၀)နှစ်၊တွင် ခေါင်းမူးဝေ ဒဏ်ရာ အသီးသီးရရှိတာကြောင့် ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်းသိရပါတယ်။

ယာဉ်အား ပေါ့ဆစွာမောင်းနှင်၍ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးခြင်းနဲ့နာကျင်ဒဏ်ရာများရရှိအောင်ပြုလုပ်သူ ဇော်မင်းထွန်း အား မြိတ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၁၆/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က / ၃၃၇ / ၃၃၈ / ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (fb)
မြိတ်တွင် မြေသယ်ကားနှင့် ခရီးသယ်တင်ကား တိုက်မိ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ မြိတ်တွင် မြေသယ်ကားနှင့် ခရီးသယ်တင်ကား တိုက်မိ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 08:08 Rating: 5
Powered by Blogger.