နမ့်​ခမ်းမြို့နယ်​ မန်​စပ်​ရွာအနီး လက်​နက်​ကြီးကျ ​ဒေသခံ ၂ ဦး ထိခိုက်​ဒဏ်​ရာရ


မတ်​ ၈ ရက်​၊ နမ့်​ခမ်း။

မတ်လ ၈ ရက်နေ့ နံနက်​ ၁၀ နာရီ​ကျော်​ဝန်းကျင်​၌ နမ့်​ခမ်းမြို့နယ်​ မန်​စပ်​​ကျေးရွာတွင်​ ​နေထိုင်​သူ ဦး​အောင်​ဆာနှင့်​ ၎င်း၏အမျိုးသမီးတို့သည် လက်​ဖက်​ခြံ ရှင်း​နေစဉ်​ ခြံထဲသို့ လက်​နက်​ကြီး ၃ လုံး ကျ​ရောက်​ခဲ့ရာ ၁ လုံးမှာ ၎င်းတို့ကို ထိမှန်​ခဲ့​ကြောင်း သိရသည်​။

နမ့်​ခမ်း တအာင်းစာ​ပေနှင့်ယဉ်​​ကျေးမှုဥက္ကဌ တာ​မြင့်ကျော်က "ဖြစ်​စဉ်​က​တော့ သူတို့နှစ်ယောက်​ ရွာနားက လက်​ဖက်​ခြံကိုရှင်း​နေကြတယ်​။ တိုက်​ပွဲဖြစ်​တာလည်း မဟုတ်​ဘူး။ အဲနားတစ်​ဝိုက်​ ဘယ်​ဘက်ကလာတဲ့ လက်​နက်​ကြီးမှန်းမသိတဲ့ လက်​နက်​ ၃ လုံးကျတယ်​။ အဲထဲက တစ်လုံးက သူတို့လင်​မယားကိုလာထိတယ်​။ မနက်​တုန်းက လက်​နက်​ကြီး ၅ လုံး​လောက်​ကျတယ်​လို့လဲ တစ်​ချို့က​ပြောကြတယ်​" ဟု ​ပြောသည်​။


ထိုလက်​နက်​ကြီး​ကြောင့်​ ဇနီးဖြစ်သူ ယာ​အောင်​ဆာသည် ဒဏ်​အနည်းငယ်​ပြင်းထန်​သည့်​အတွက်​ ခွဲစိတ်​ရမည်​ဖြစ်​ပြီး အမျိုးသားဖြစ်​သူ တာ​အောင်​ဆာသည် ပခုံးတွင် ဒဏ်​ရာအနည်းငယ်​ရရှိသွားခဲ့ပြီး နမ့်​ခမ်း​ဆေးရုံတွင်​ ​ဆေးကုသလျက်​ရှိ​သည်​။

၎င်းမန်​စပ်​​ကျေးရွာအနီးတွင်​ ယခင်ကလည်း လက်​နက်​ကြီးကျ​ရောက်​မှု​ကြောင့်​ ​ဒေသခံတစ်​ဦး​သေဆုံးခဲ့ပြီး လက်​နက်​ကြီးမကျခဏကျ​ရောက်​​နေသည့်အတွက် ဒေသခံများ ထိတ်တန့်​​နေကြကြောင်း သိရသည်။

Photo- PSLF/TNLA Online Page
မိုင်းအနိုင်၊ မားနဂါး 
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
နမ့်​ခမ်းမြို့နယ်​ မန်​စပ်​ရွာအနီး လက်​နက်​ကြီးကျ ​ဒေသခံ ၂ ဦး ထိခိုက်​ဒဏ်​ရာရ နမ့်​ခမ်းမြို့နယ်​ မန်​စပ်​ရွာအနီး လက်​နက်​ကြီးကျ ​ဒေသခံ ၂ ဦး ထိခိုက်​ဒဏ်​ရာရ Reviewed by THITHTOOLWIN on 08:05 Rating: 5
Powered by Blogger.