ငလျင်လှုပ်ခဲ့မှုကြောင့် ဥတ္တရသီရိမြို့နယ်တွင် စေတီတော် အချို့ ထိခိုက်ပျက်ဆီး


နေပြည်တော် မတ် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် မတ်လ ၈ ရက်နေ့ နံနက် ၃ နာရီ ၄၃ မိနစ်ခန့်က ငလျင်လှုပ်ခဲ့မှုကြောင့် စေတီတော်တစ်ဆူ အောက်ပိုင်းပြိုကျခြင်း၊ စိန်ဖူးတော် မြေခခြင်းနှင့် ကျေးလက် ဆေးပေးခန်း တစ်ခုတို့ ပြိုကျပျက်စီးခဲ့သည်။


နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၂)မိုင်ခန့်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ၏ အနောက်ဘက် မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၏ မြောက်ဘက်ကို ဗဟိုပြု၍ ရစ်တာစကေး (၅.၅)ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာမှ ၄၅ ပေ ဉာဏ်တော်အမြင့်ရှိ စေတီတော်ကြီး၏ တောင်ဘက်အခြမ်း အောက်ပိုင်းပြိုကျခဲ့ပြီး အနည်းငယ်တိမ်းစောင်းခြင်း၊ အရှေ့ တောင်ထောင့် အရပ်မှ ဉာဏ်တော် ၉ ပေရှိ အရန်စေတီတော်တစ်ဆူ ပြိုကျ ပျက်စီးခြင်း၊ မင်းကုန်းအုပ်စု မအူလေးပင်ကျေးရွာမှ (၅၅)ပေ ဉာဏ်တော်ရှိ မိုးကောင်းစေတီ စိန်ဖူးတော် မြေခခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ပြင် ရွှေနံသာ ရပ်ကွက်တွင် (၃၀x၂၀)ပေရှိ အုတ်ခင်း၊ အုပ်ကာ သွပ်မိုးဆေးပေးခန်းမှာ တောင်ဘက်အခြမ်း (၁၀x၅)ပေ ခန့်ရှိ အုတ်နံရံတစ်ချပ် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ငလျင်လှုပ်ခဲ့မှုကြောင့် ဥတ္တရသီရိမြို့နယ်တွင် စေတီတော် အချို့ ထိခိုက်ပျက်ဆီး ငလျင်လှုပ်ခဲ့မှုကြောင့် ဥတ္တရသီရိမြို့နယ်တွင် စေတီတော် အချို့ ထိခိုက်ပျက်ဆီး Reviewed by THITHTOOLWIN on 12:14 Rating: 5
Powered by Blogger.