ဗီယက်နမ်နဲ့ အိန္ဒိယက ရိုဟင်ဂျာအရေးကူညီမယ်လို့ ပြော


ရိုဟင်ဂျာအရေးကိစ္စဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုတခုဖြစ်တယ်လို့ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာဖော်ပြလိုက်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာကိစ္စမှာ အေးအေးချမ်းချမ်းပြီးဆုံးမယ့်အဖြေရအောင် ကူညီမယ်လို့ ဗီယက်နမ်သမ္မတ Tran Dai Quang (ကျန်ဒိုင်းကွမ်း) က ဘင်္ဂလားဒေ့ရှ်ကို ကတိပေးလိုက်ပါတယ်။

ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်တယောက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကိုမရောက်တာ ၁၄ နှစ်ကြာပြီဖြစ်ပြီး၊ အခုတော့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ ဖိတ်ကြားချက်အရ ဗီယက်နမ်သမ္မတက ဘင်္ဂလားဒေ့ရှ်ကို ၃ ရက်တာ ခရီးအဖြစ်ရောက်နေတာပါ။ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူ စာချုပ်တွေချုပ်ဆိုကြပြီး၊ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီကြေညာချက်မှာ ကုလသမဂ္ဂရဲ့သတင်း အချက်အလက်တွေမှာဖော်ပြလေ့ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကိစ္စကို ထည့်သွင်းပြောဆိုတာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရိုဟင်ဂျာဒုက္ခသည်တွေ မိုးရာသီမှာကြုံရမယ့် အခက်အခဲတွေအတွက် ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယနိုင်ငံကလဲ ကူညီမယ်လို့ ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ၂ သောင်းခွဲလောက်ကို မုတ်သုန်မိုးနဲ့ရွှံနွံထူထပ်တဲ့စခန်းတွေဆီပို့ဖို့ ပြင်ဆင်နေပြီး အိန္ဒိယကိုယ်စားလှယ်နဲ့ အစည်းအဝေးမှာ ပြောဆိုကြတယ်လို့ဆိုပါတယ်။ အဲဒီလိုရွှေ့မယ့်နေရာမှာ အိမ်တွေဆောက်ဖို့ အိန္ဒိယရဲ့အကူအညီကိုလည်း ဘင်္ဂလားဒေ့ရှ်က မျှော်လင့်နေပါတယ်။

AFP Photo
RFA Burmese
https://www.facebook.com/rfaburmese/
ဗီယက်နမ်နဲ့ အိန္ဒိယက ရိုဟင်ဂျာအရေးကူညီမယ်လို့ ပြော ဗီယက်နမ်နဲ့ အိန္ဒိယက ရိုဟင်ဂျာအရေးကူညီမယ်လို့ ပြော Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.