ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အခြေအနေကြောင့် ဆစ်ဒနီမြို့မှာ လူထုကို မိန့်ခွန်းပြောကြားမယ့် အစီအစဉ် ဖျက်သိမ်းလိုက်ရ

သြစတြေးလျနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၁၁း၁၀ နာရီတွင် သြစတြေးလျ အမျိုးသားရုက္ခဗေဒဥယျာဉ်၌ ကျင်းပပြုလုပ်သော သြစတြေးလျ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။။ ဓါတ်ပုံ - Ministry of Foreign Affairs Myanmar
သြစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုဟ် ဒေါ်အောင်ဆန်းစုကြည်က ဆစ်ဒနီမြို့မှာ လူထုကို မိန့်ခွန်းပြောကြားမယ့် အစီအစဉ် ဖျက်သိမ်းလိုက်ပါတယ်။ ကန်ဘာရာမြို့တော်မှာ သြစတြေးလျ ၀န်ကြီးချုပ် မဲလ်ကွန်မ် တန်းဘဲလ်နဲ့ ဆွေးနွေးခဲ့ပြီးတဲ့နောက် ကျမ်းမာရေး အခြေအနေကြောင့် မိန့်ခွန်းပြောကြားမယ့်အစီအစဉ်ကို ရုပ်သိမ်းလိုက်တာပါ။ အရင်အစီအစဉ်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန်မှာ ဆစ်ဒနီမြို့တော်က Lowy Institute မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

 ဒါပေမယ့်လည်း ကျမ်းမာရေးမကောင်းတာကြောင့် မိန့်ခွန်းပြောမယ့်အစီအစဉ် ဖျက်သိမ်းတဲ့အကြောင်းကို ဒီနေ့နေ့လည်ပိုင်းမှာ မြန်မာသံရုံးက အကြောင်းကြားခဲ့တယ်လို့ Lowy Institute ကအစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

 ဒီကနေ့ သြစတြေးလျ ၀န်ကြီးချုပ် တန်းဘဲလ်နဲ့ တွေ့ဆုံမှုမှာတော့ ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွါသူ ဒုက္ခသည်အရေးကို ဆွေးနွေးခဲ့ကြတယ်လို့ အေဘီစီ သတင်းဌာနက ဖော်ပြထားပါတယ်။ ၀န်ကြီးချုပ် တန်းဘဲလ်က မစ္စစ်ဒေါ်အောင်ဆန်းစုကြည် ကို ဒုက္ခသည်အရေး အောင်မြင်စွာ ဖြေရှင်းနိုင်ဖို့ အားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သြစတြေးလျနိုင်ငံအနေနဲ့လည်း ဒုက္ခသည်အရေးဖြေရှင်းဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ငွေကြေးအရ ဆက်လက်ကူညီထောက်ပံ့ပေးသွားမယ်လို့လည်း မစ္စတာ တန်းဘဲလ်က ပြောကြားခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ် ။

ABC ဌာန မှ ဘာသာပြန်ဆိုသည် ။

5 PLUS NEWS
https://www.facebook.com/5plusnews
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အခြေအနေကြောင့် ဆစ်ဒနီမြို့မှာ လူထုကို မိန့်ခွန်းပြောကြားမယ့် အစီအစဉ် ဖျက်သိမ်းလိုက်ရ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အခြေအနေကြောင့် ဆစ်ဒနီမြို့မှာ လူထုကို မိန့်ခွန်းပြောကြားမယ့် အစီအစဉ် ဖျက်သိမ်းလိုက်ရ Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.