ပုသိမ်မြို့ ငဝန်မြစ်အတွင်း ကူတို့စက်လှေနှင့် ခရီးသည်တင် သင်္ဘောတိုက်မိပြီး ဆိုင်ကယ် ၂ စီး နစ်မြုပ်


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အသည်ကြီးကူးတို့ဆိပ်အနီး ငဝန်မြစ်အတွင်း၌ မတ်လ ၉ ရက် ည ၈ နာရီခန့်က ကူးတို့တစ်စီးနှင့် ခရီးသည်တင် သင်္ဘောတစ်စီးတို့ တိုက်မိကာ ကူးတို့ပေါ်ပါ ဆိုင်ကယ် ၂ စီးရေထဲ ကျကာ ဆုံးရှုံးခဲ့ပြီး လူအသေအပျောက်မရှိခဲ့ကြောင်း သိရှိရသည်။

ပုသိမ်မြို့ မရမ်းချောင်းရပ်နေ ဦးအုန်းဝင်း မောင်းနှင်လာကာ လူ ၁၃ ဦး တင်ဆောင်ထားသည့် ကူးတို့နှင့် ပုသိမ်မြို့ မကျည်းတန်းရပ်နေ ဦးမြင့်ရွှေမောင်းနှင်လာကာ ခရီးသည် ၆၀ ဦး တင်ဆောင်လာသည့် ပုသိမ်-ပြင်ခရိုင် ပြေးဆွဲသည့် ရန်နိုင်အောင်ကြီး ခရီးသည်တင်သင်္ဘောတို့ တိုက်မိပြီး ကူးတို့စက်လှေပေါ်ပါ အမျိုးသား ၄ ဦးနှင့် ဆိုင်ကယ် ၂ စီး ရေထဲပြုတ်ကျခဲ့ကာ လူများကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပုသိမ်မြို့တစ်ဖက်ကမ်း သင်္ဘောကျင်းနယ်မြေ ရဲစခန်းမှ သိရသည်။
“ရေထဲပြုတ်ကျတာ ယောကျာင်္းတွေဆိုတော့ ရေလည်းကူးတတ်တာရယ် ဟိုဘက်ကမ်းဒီဖက်ကမ်း ကူးနေတဲ့ ကူးတို့စက်လှေတွေက အသက်ကယ် အကျီ င်္တွေ ဘောကွင်းတွေ ချက်ချင်းပစ်ချပေးတာကြောင့် ကယ်နိုင်ခဲ့တယ်။ ဆိုင်ကယ်က ၄ စီး မှာ ၂ စီးရေထဲပြုတ်ကျသွားတာ အခုတော့ရေငုပ်သမားတွေနဲ့ ဆယ်နေကြပါပြီ။”ဟု ပုသိမ်မြို့တစ်ဖက်ကမ်း သင်္ဘောကျင်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် ခင်မောင်ဝင်းက ပြောသည်။

သင်္ဘောကိုယ်ထည်နှင့် တိုက်မှုကြောင့် ကူးတို့စက်လှေမှာမမြုပ်ခဲ့သော်လည်း တစ်ခြမ်းစောင်းသွားသည့် အနေအထားကြောင့် စက်လှေပေါ်ပါ ဒေါ်သူဇာဆိုသည့် အမျိုးသမီးမှာလည်း စက်လှေတန်းဖြင့် ခေါင်းတိုက်မိခဲ့သဖြင့် ပုသိမ်ဆေးရုံကြီးတွင် ခေတ္တသွားရောက်ဆေးကုသမှုခံခဲ့ရကြောင်း သိရသည်။
“ရေထဲပြုတ်ကျတဲ့ သူတွေကစက်လှေ ဦးပိုင်းမှာ သူတို့ဆိုင်ကယ်တွေနဲ့အတူ မတ်တပ်ရပ်လိုက်လာကြတာ တိုက်မိတော့ စက်လှေတော်တော်စောင်းသွားတဲ့အချိန် ပြုတ်ကျကုန်တာ အသည်ကြီးဖြတ်ကူးတို့ကလည်း ဟိုဘက်ကမ်း ဒီဖက်ကမ်း ခေါက်တုန့်ခေါက်ပြန်ဆွဲနေတာ တခြား ၂ စီးရှိတော့ လူတွေရေထဲပြုတ်ကျချိန် ချက်ချင်း လာကယ်နိုင်လိုက်လို့ ဘာမှမဖြစ်တာ။”ဟု စက်လှေပေါ်လိုက်ပါခဲ့သူ စက်လှေပေါ် ပုသိမ်မြို့ တစ်ဖက်ကမ်း လင်းဝင်းကြီး ကျေးရွာနေ ဒေါ်နှင်းဆီက ပြောသည်။

 ဖြစ်စဉ်အရ ဖြတ်ကူးတို့စက်လှေမောင်းနှင်သည့် ဦးအုန်းဝင်းနှင့် ပုသိမ်-ပြင်ခရိုင် ခရီးသည်တင် သင်္ဘောမောင်းနှင်သည့် ဦးမြင့်ရွှေတို့ကို ပုသိမ်မြို့တစ်ဖက်ကမ်း သင်္ဘောကျင်းနယ်မြေ ရဲစခန်းမှ (ပ)၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပုသိမ်မြို့ ငဝန်မြစ်အတွင်း ကူတို့စက်လှေနှင့် ခရီးသည်တင် သင်္ဘောတိုက်မိပြီး ဆိုင်ကယ် ၂ စီး နစ်မြုပ် ပုသိမ်မြို့ ငဝန်မြစ်အတွင်း ကူတို့စက်လှေနှင့် ခရီးသည်တင် သင်္ဘောတိုက်မိပြီး ဆိုင်ကယ် ၂ စီး နစ်မြုပ် Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.