ရခိုင်ပြည်နယ်တွင် အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသားဦးရေ ၄၆၁၆ ဦးရှိ


နိရဉ္စရာ၊ မတ် ၈

ရခိုင်ပြည်နယ်တွင် မတ်လ ၈ ရက်နေ့ ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ကို ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသားဦးရေ ၄၆၁၆ ဦးရှိသည်ဟု ရခိုင်ပြည်နယ် ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးဆန်းက ပြောသည်။

ခရိုင်အလိုက် ပျက်ကွက်သူစာရင်းမှာ စစ်တွေခရိုင်တွင် ၁၁၂၉ ဦး၊ မြောက်ဦးခရိုင်တွင် ၁၁၄၇ ဦး၊ မောင်တောခရိုင်တွင် ၆၃၅ ဦး၊ ကျောက်ဖြူခရိုင်တွင် ၁၀၂၉ ဦးနှင့် သံတွဲခရိုင်တွင် ၆၇၆ ဦးရှိကြောင်း သိရသည်။

မနေ့က မြန်မာစာဘာသာရပ် ဖြေဆိုရာတွင်လည်း ပျက်ကွက်မှုများရှိခဲ့ကြောင်း၊ သိရှိရန် စိစစ်ရဦးမည်ဟု ဖြစ်ကြောင်း ဒေါ်အေးအေးဆန်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် ဆယ်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသားဦးရေမှာ ၄၄၆၀၄ ဦးရှိကြောင်း သိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရခိုင်ပြည်နယ်တွင် အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသားဦးရေ ၄၆၁၆ ဦးရှိ ရခိုင်ပြည်နယ်တွင် အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသားဦးရေ ၄၆၁၆ ဦးရှိ Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.