အခွန်အကောက်ဥပဒေကြမ်းကို ကိုယ်စားလှယ်တွေ ကန့်ကွက်

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းကို ၂ဝ၁၈ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၂၉ ယောက်က ဆွေးနွေးရာမှာ အများစုက ကန့်ကွက်ဆွေးနွေးကြပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှာ ပြန်လည်ကြားနာဖို့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောပါတယ်။

စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ၀င်ငွေတွေကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ရက်ကစပြီး ပထမ ခြောက်လမှာ ၃ ရာခိုင်နှုန်းနဲ့ ဒုတိယခြောက်လမှာ ၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ မူလဥပဒေကြမ်းမှာ ပါရှိပါတယ်။

ဥပဒေကြမ်းမှာပါတဲ့ ပုဒ်မ ၂၅ အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရာမှာ ငွေကြေးခ၀ါချနိုင်မယ့်ဥပဒေလို့ ဆွေးနွေးတာရှိသလို စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုစေမယ်လို့ ထောက်ခံဆွေးနွေးကြတာလည်း ရှိပါတယ်။

လက်ရှိဥပဒေအရ တရားဝင်လုပ်ငန်းတွေကို အခွန် ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံနေပြီး စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ၀င်ငွေတွေကို ပထမ ၆ လမှာ ၃ ရာခိုင်နှုန်း ဒုတိယ ၆ လမှာ ၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ပါရှိပါတယ်။ အဲဒီအချက်ဟာ အခွန်ရှောင်မှုကို အားပေးတယ်လို့ ကိုယ်စားလှယ်အချို့က ဆွေးနွေးပါတယ်။

RFA Burmese
https://www.rfa.org/burmese
အခွန်အကောက်ဥပဒေကြမ်းကို ကိုယ်စားလှယ်တွေ ကန့်ကွက် အခွန်အကောက်ဥပဒေကြမ်းကို ကိုယ်စားလှယ်တွေ ကန့်ကွက် Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.