အခွန်ငွေ သဘောကွဲမှုကြောင့် သမတ ထရမ့် ရဲ့ အကြံပေးနုတ်ထွက်


သမတ ထရမ့်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေးအရာရှိ Gary Cohn ဂယ်ရီကုန်း က သူရာထူးက နုတ်ထွက်မယ့် အကြောင်း အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ ပြည်ပက တင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံပစ္စည်းတွေအပေါ် အခွန်ငွေ ကောက်ခံဖို့ သမတ ထရမ့်က ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို နုတ်ထွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အခွန်ကောက်ခံမယ့်အတွက် ကမ္ဘာတဝန်း စိုးရိမ်မှုတွေ ပေါ်ပေါက်လာနေစဉ်အတွင်း အမေရိကန် ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေက မဟာမိတ်နိုင်ငံတွေနဲ့ မိမိတို့ ကုန်သွယ်ရေးစစ်ပွဲဆင်နွဲမှာ မဟုတ်ကြောင်း မနေ့က ပြောကြားခဲ့ကြပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စုက ကုန်သွယ်ခွန်ကောက်ခံမှာကို တုံ့ပြန်အရေးယူဖို့အတွက် အဆင်သင့်ပဲလို့ EU ဥရောပနိုင်ငံများအဖွဲ့က ပြောကြားရင်း သူတို့အဖွဲ့ဝင်နိုင်ငံတွေက အခွန်ငွေ ကောက်မယ့် အမေရိကန်ထုတ်ကုန် ပစ္စည်းအမည်စာရင်းတွေကို မနေ့က ဖြန့်ဝေခဲ့ပါတယ်။

 ဂျနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မှာလည်း အမေရိကန်ပြည်ထောင်စုက အခုလို အခွန်ကောက်မှုကြောင့် အပြန်အလှန်အရေးယူမှုတွေပေါ်ပေါက်လာမယ့် အန္တရာယ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက စတင်ကာ ဝေဖန်ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အခွန်ငွေ သဘောကွဲမှုကြောင့် သမတ ထရမ့် ရဲ့ အကြံပေးနုတ်ထွက် အခွန်ငွေ သဘောကွဲမှုကြောင့် သမတ ထရမ့် ရဲ့ အကြံပေးနုတ်ထွက် Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.