၎ တန်းကျောင်းသူကို မုဒိမ်းကျ င့်သတ်ဖြတ်သူ ထောင်ထဲမှာ ကြိုးဆွဲချသေဆုံး

မိုးကောင်းမြို့ နယ်တွင် စတုတ္ထတန်းကျောင်းသူလေးအား မုဒိမ်းကျ င့်သတ်ဖြတ်သူ(၂)ဦး အနက် တဦးမှာ မိုးညှင်းအကျ ဉ်းထောင်တွင်း၌ ကြိုးဆွဲချသေဆုံး
မိုးညှင်း မတ် ၆

ကချ င်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်တွင် အသက်(၁၀)နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူလေးအား သားမယားအဖြစ် ပြု ကျင့်ပြီး သတ်ဖြတ်ခဲ့သူ(၂)ဦးအား မိုးညှင်းအကျ ဉ်းထောင်တွင် ဖမ်းဆီးချု ပ်နှောင်ထားစဉ် တဦးမှာ မတ်လ(၆)ရက်နေ့ ယနေ့ နံနက်(၃)နာရီ(၄၅)မိနစ်အချိ န်တွင်ကြိုးဆွဲချ သေဆုံးသွားခဲ့သဖြင့် မိုးညှင်းမြို့ မရဲစခန်းမှ သေမှု သေခင်း ရေးဖွင့်ထားခဲ့
ကြောင်း သိရှိရပါသည်။


စစ်ဆေးပေါ်ပေါက်ချ က်အရ သေဆုံးသူသည် မိုးကောင်းမြို့ မရဲစခန်း၏ (ပ)၄၈/၂၀၁၈ ပုဒ်မ
၃၀၂/၃၇၆ ဖြင့် ဖမ်းဆီးအရေးယူထားသော မောင်ဋ္ဌေး (ခ) ခင်မောင်ဋ္ဌေး(၃၇)နှစ်(ဘ)ဦးသောင်းရွှေ (၄)မိုင်ကျေးရွာ၊ ရေရှင်ကျေးရွာအုပ်စု၊ မိုးကောင်းမြို့ နယ် နေထိုင်သူဖြစ်ပြီး ၎င်းသည်ထောင်ဆေးရုံတိုက်ခန်းအမှတ်(၃)တွင် သီးခြားချု ပ်နှောင်ထားရှိစဉ် အမြင့်(၇)ပေခန့် ရှိသံပန်းတံခါးတွင် ကချ င်ပုဆိုး စိမ်း/နက်ရောင် အနားစအား ကြိုးအဖြစ် ကျ စ်ကာ စွပ်ကျ ယ်အဖြူ ရောင်အား ကွင်းအဖြစ် အသုံးပြုပြီး ကြိုးဆွဲ ချ သေဆုံးနေသည်ကိုတွေ့ ရှိရပေသည်။


ထို့ ကြောင့် မောင်ဋ္ဌေး(ခ)ခင်မောင်ဋ္ဌေး သေဆုံးမှု အား မိုးညှင်းမြို့ မရဲစခန်းမှ သေမှု သေခင်း
အမှတ်စဉ်(----/၂၀၁၈)ဖြင့်အမှု ရေးဖွင့်ထားခဲ့ကြောင်း သိရှိရပေသည်။

ကြိုးဆွဲချ သေဆုံးသူမောင်ဋ္ဌေး(ခ)ခင်မောင်ဋ္ဌေး၏အမှု ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၅)ရက် နေ့ 
့နံနက်ပိုင်းက မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိ
တကွင်း (ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ၇၃)တွင် ညောင်ထောက်ကလေးကျေးရွာ အောင် မင်္ဂလာအခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသော စတုတ္ထတန်းကျောင်းသူ မမွှေးမွှေး(၁၀)နှစ်(ဘ)ဦးမောင်အိုက်သည် ထင်းခွေသွားရာမှ ပြန်ရောက်မလာသဖြင့် ရေရှင်ကျေးရွာအုပ်ချု ပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံရှာဖွေရာ ဓားဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မိုးကောင်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား ခဲ့သည်။

မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင် မြို့မရဲစခန်းမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှအမှုနှင့် ပတ်သက်၍ လေ့လာစုံစမ်းဖော်ထုတ်ခဲ့ရာ မမွှေးမွှေးအား အဓမ္မပြု ကျ င့်သတ်ဖြတ်ခဲ့သူ
မှာ မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာနေ ဦးခင်မောင်ဌေး(ခ)မောင်ဌေး(၃၇)နှစ်နှင့် အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ(ခ)ဦးငင်းဆိုင်(၅၈)နှစ်တို့ (၂)ဦးဖြစ်ကြောင်း ဖေါ်ထုတ်နှို င်ခဲ့သဖြင့် ၎င်းတို့ (၂)ဦးအား မိုးကောင်းမြို့ မရဲစခန်းမှ(ပ)၄၈/၁၈ ပုဒ်မ ၃၇၆/၃၀၂ ဖြင့်အမှု ရေးဖွင့်ထားခဲ့ကြောင်း သိရှိရသည်။

မင်္ဂလာဦး
၎ တန်းကျောင်းသူကို မုဒိမ်းကျ င့်သတ်ဖြတ်သူ ထောင်ထဲမှာ ကြိုးဆွဲချသေဆုံး ၄ တန်းကျောင်းသူကို မုဒိမ်းကျ င့်သတ်ဖြတ်သူ ထောင်ထဲမှာ ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.